• Follow Us on

Home ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုထားခြင်းကိုပယ်ဖျယ်၍ ပါတီအား ဖျက်သိမ်း

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုထားခြင်းကိုပယ်ဖျယ်၍ ပါတီအား ဖျက်သိမ်း

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၁

 

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျယ်၍ ပါတီအား ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းထုတ်ပြန်လိုက်သည်။

 

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို မှတ်ပုံတင်အမှတ် (၁၉)၊ ၃၀-၅-၂၀၂၃ ရက်စွဲပါ ကြေညာချက်အမှတ် ဂ၂၄/၂၀၂၃) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅(စ)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် ၃၀-၅-၂၀၂၃ ရက်နေ့မှ ၂၇-၈-၂၀၂၃ ရက်နေ့အထိ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို ဥပဒေသတ်မှတ်ချက်အတိုင်း စည်းရုံးမှုမပြုနိုင်ခြင်း၊ ပါတီဝင် အင်အား ပြည့်မီရေးအတွက် ၃၁-၁၀-၂၀၂၃ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့ သော်လည်း သတ်မှတ်ချက်နှင့် ကိုက်ညီသော အင်အားစာရင်းအား တင်ပြနိုင်မှုမရှိခြင်းတို့ကို စိစစ်တွေ့ရှိ ရပါသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၉)ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းနေသောကြောင့် ၂၀-၁၁-၂၀၂၃ရက်နေ့၌ ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲ ရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၃၂/၂၀၂၃)တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ(ခ)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် ရှမ်းပြည်ကိုး ကန့်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထား ခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

 

#PeopleMedia


Share this post