ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတည်ဆောက်နေမှုကို နစကဥက္ကဋ္ဌ သွား ရောက်စစ်ဆေး
PUBLISHED - October 23, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက် ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက် နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အစည်းအဝေးခန်းမ၌တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည် ဆောက်နေမှု၊ စီမံကိန်း၏ရည်ရွယ်ချက်၊ စီမံကိန်းတည်နေရာနှင့်အကျယ်အဝန်း မဲခေါင်း-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင် ရွက်လျက်ရှိသော လုပ်ငန်းများ၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများ၊ အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့ ဝင်ထွက် သည့်လမ်းများစနစ်တကျရှိစေရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုရှိစေရေး၊ သင်တန်းများဖွင့်လှစ်ချိန်တွင် သင်တန်းသားများ၏ နေထိုင်စားသောက်ရေး အတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိရန် လိုအပ်မှုများနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းရင်း သားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ဆောက် လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ်အဆောက်အဦအား စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် အညီ စနစ်တကျ တည်ဆောက်ရန်၊ သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေးနှင့် အရည်အသွေးပြည့်မီစွာ တည်ဆောက်ရန်နှင့် အခြားလို အပ်သည်များကို လမ်းညွှန်မှာကြားသည်။
ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာအား ရှမ်းပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွား ဘဝတိုးတက်မြင့်မားစေရန်အတွက် အသက်မွေး ဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် ပို့ချပေးရန်၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း များကို အချင်း ချင်းဖလှယ်နိုင်ရန်၊ တိုင်းရင်းသားများ၏ ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုအထောက်အကူပြုစေရန်နှင့် မဲခေါင်ဒေသအတွင်း နိုင်ငံများအကြား ဖွံ့ ဖြိုးတိုးတက်မှုကွာဟချက်ကို လျှော့ချရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#PeopleMedia