ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများအတွက် ပြည်ခိုင်ဖြိုးပါတီမှ စား သောက်ဖွယ်ရာများ လှူဒါန်း
PUBLISHED - November 6, 2023
နေပြည်တော်၊ နိုဝင်ဘာ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှေ့တန်းစစ်မျက်နှာအသီးသီး တွင် တိုက်ပွဲဝင်နေကြသည့်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများလှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
ထိုသို့ လှူဒါန်းရာတွင် ယမ်ယမ်ခေါက်ဆွဲ (၁၆၀) ကဒ်၊ ရှူးရှဲလက်ဖက် (၁၀၀) ထုတ်၊ ဆေးပေါ့လိပ် (၁၂၀၀) စည်း၊ ကော်ဖီမစ် (၂၀) ဖာ၊ ငပိဗူး (၂၀၀၀) ဗူး၊ ပဲပုတ် (၁၀၀) ပိဿာ၊ (၇) မရွေးမုန့် (၂၅) ဖာတို့အား လှူဒါန်းခဲ့ ကြောင်း သိရသည်။
လှူဒါန်းမှုအားဌာနချုပ်ကိုယ်စားရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ပြည်နယ်အတွင်းရေးမှူး၊ ပြည်နယ်ဘဏ္ဍာရေးမှူးနှင့် ပြည်နယ်ကော်မတီဝင်များမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့သွားရောက်လှူ ဒါန်းခဲ့ပြီး စုစုပေါင်းလှူဒါန်းမှုတန်ဖိုးမှာ သိန်း (၂၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။
#PeopleMedia