• Follow Us on

Home ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀၀ နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂပြော

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀၀ နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၀

 

လွန်ခဲတဲ့သီတင်းပတ်နှစ်ပတ်က တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ခေါ် ပူးပေါင်းသူပုန်အဖွဲ့က ရှမ်းပြည် နယ်မြောက်ပိုင်းမှာရှိတဲ့ မြန်မာ့တပ်မတော်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၅၀၀၀၀ နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂအဖွဲ့က နိုဝင်ဘာလ ၁၀ ရက်နေ့ (သောကြာနေ့) က ပြောကြားလိုက်ပါတယ်။

 

တရုတ်နယ်စပ်ဒေသအနီး ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ဝန်း သီတင်းပတ်နှစ်ပတ်အတွင်း တိုက်ပွဲတွေဆက် လက်ဖြစ်ပွားလျက်ရှိရာ ၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး နစက အစိုးရအတွက် စစ်ရေးအရ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်လို့ ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

 

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ် မတော် (TNLA) နဲ့ ရခိုင့်တပ်တော် (AA) တို့ပါဝင်ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်ခေါ် သူပုန်အုပ်စုက တပ်မတော်စခန်းအများအပြားကို သိမ်းပိုက်ခဲ့ပြီး တရုတ်နယ်စပ်ကိုသွားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကိုပိတ် ဆို့ထားလိုက်ပါတယ်။

 

“နိုဝင်ဘာလ ၉ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံပြည်သူ ၅၀၀၀၀ နီးပါးဟာ တိုက်ပွဲတွေ ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။” လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က ပြောပါတယ်။

 

တပ်မတော်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်လားရှိုးမြို့ရဲ့အပြင်ဘက်မှာတော့ ဖုန်း လိုင်းတွေပြတ်တောက်နေပြီး တိုက်ပွဲဖြစ်ပွားရာဒေသတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးပို့နိုင်ရေးအတွက် အဟန့်အတားတွေဖြစ်နေတယ်လို့ UNOCHA က ပြောပါတယ်။

 

သယ်ယူပို့ဆောင်ရေးအခက်အခဲတွေနဲ့ ငွေကြေးထုတ်ယူမှုအကန့်အသတ်တွေကြောင့်လည်း ဒေသတွင်း လူသားချင်း စာနာထောက်ထားရေးဆောင်ရွက်နေတဲ့ အုပ်စုတွေအတွက်လည်း အဟန့်အတားတွေဖြစ်စေတယ် လို့ ဆိုပါတယ်။

 

အလားတူ နိုဝင်ဘာလ အစောပိုင်းက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ တပ်မတော်နဲ့ သူပုန်အဖွဲ့တွေဖြစ် ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း ဒေသခံလူဦးရေ ၄၀၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ UNOCHA က ပြောပါတယ်။

 

အခုလိုအလစ်အငိုက်ထိုးစစ်ဆင်တိုက်ခိုက်လာတာနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က တုံ့ပြန်ပြောဆိုတာ မရှိ သလောက်ဖြစ်ပေမဲ့ အခုသီတင်းပတ်အစောပိုင်းကတော့ ယာယီသမ္မတဦးမြင့်ဆွေက “တပ်မတော်ကသာ စွမ်း စွမ်းတမံ တိုက်ပွဲမဝင်နိုင်ခဲ့ရင် တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်တယ်။” လို့ သတိပေးပြောကြားခဲ့ပါ တယ်။

 

တရုတ်နိုင်ငံကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းပို့ဆောင်ရာလမ်းကြောင်းလည်းဖြစ်သလို ဝေးလံခေါင်ဖျားပြီး တောတောင်ထူထပ်တဲ့ဒေသဖြစ်တဲ့အလျောက် ဆက်သွယ်ရေးခက်ခဲတဲ့အတွက် နှစ်ဖက်ထိခိုက်ကျဆုံးသတင်း တွေကို စိစစ်အတည်ပြုနိုင်ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ အသေအပျောက်ရှိကြောင်း မြန်မာ နိုင်ငံရဲ့အဓိကမဟာမိတ်နိုင်ငံဖြစ်ပြီး လက်နက်ထောက်ပံ့နေတဲ့နိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံက အင်္ဂါနေ့က ပြောပါတယ်။

 

တိုက်ပွဲတွေဘယ်နေရာမှာဖြစ်ပွားတာလဲ၊ တရုတ်နိုင်ငံသားတွေ သေဆုံးသွားတာလား၊ ထိခိုက်ဒဏ်ရာရတာ လားဆိုတာကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မပြောပါဘူး။ မြန်မာနယ်စပ်ဒေသဟာ လက်နက်ကိုင်သူပုန်အုပ်စုအများအပြား ခိုလှုံရာနေရာဖြစ်သလို အဲဒီအထဲကတချို့ လက်နက်ကိုင်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိဖို့နဲ့ ဒေသတွင်းသယံဇာတတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မြန် မာအစိုးရကို နှစ်ပေါင်းများစွာကြာအောင် တော်လှန်နေတဲ့အဖွဲ့တွေဖြစ်ပါတယ်။

 

သူပုန်အဖွဲ့တချို့ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့်ထွက်ပေါ်လာတဲ့ PDF လက်နက်ကိုင်တွေကို စစ်ပညာ လေ့ကျင့်သင်ကြားပေးသလို လက်နက်ခဲယမ်းတွေပါ တပ်ဆင်ပေးခဲ့ပါတယ်။

 

အခုသီတင်းပတ်အစောပိုင်းက PDF အုပ်စုတချို့က ဗမာတိုင်းရင်းသားအများစုနေထိုင်ပြီး တပ်မတော်အတွက် တပ်သားသစ်စုဆောင်းရာအဓိကနယ်မြေတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပေမဲ့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် AFP သတင်းဌာနအနေနဲ့ အတည်ပြုနိုင် ခြင်းမရှိပါဘူး။

 

Ref: Northern Myanmar fighting displaces almost 50,000 civilians: UN

 

#PeopleMedia


Share this post