• Follow Us on
Latest News

Home ရှမ်းယူနိုက်တက်အသင်းကစားသမားတွေကို သြစတေးလျနိုင်ငံက ပြည်ဝင်ခွင့်မပေးတဲ့အတွက် AFC ဘောလုံး ပွဲစဉ်တစ်ခု ထိုင်းနိုင်ငံမှာ ကျင်းပရမည်

ရှမ်းယူနိုက်တက်အသင်းကစားသမားတွေကို သြစတေးလျနိုင်ငံက ပြည်ဝင်ခွင့်မပေးတဲ့အတွက် AFC ဘောလုံး ပွဲစဉ်တစ်ခု ထိုင်းနိုင်ငံမှာ ကျင်းပရမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၈

 

မြန်မာနိုင်ငံ ရှမ်းယူနိုက်တက်အသင်းက ကစားသမားတွေကို သြစတေးလျအစိုးရက ပြည်ဝင်ခွင့်ပေးဖို့ ငြင်းပယ် ခဲ့တာကြောင့် သြစတေးလျနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ AFC ဘောလုံးပွဲစဉ်တစ်ခုကို ထိုင်းနိုင်ငံကို ရွှေ့ ပြောင်းခဲ့ရ ကြောင်း သြစတေးလျနိုင်ငံက Football Australia က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

 

AFC ဖလားပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရမယ့် သြစတေးလျနိုင်ငံ မာကာသာအသင်းနဲ့ မြန်မာနိုင်ငံက ရှမ်းယူနိုက် တက်အသင်းတို့ရဲ့ ပွဲစဉ်ကို သြစတေးလျနိုင်ငံမှာ ကျင်းဖို့စီစဉ်ထားပြီးဖြစ်ပေမဲ့ ရှမ်းယူနိုက်တက်အသင်းက က စားသမားတွေကို သြစတေးလျပြည်ဝင်ခွင့်မပေးလို့ ပွဲစဉ်ကို ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလိုက်ရတာဖြစ်ပါတယ်။

 

သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် မာကာသာအသင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလ နှောင်းပိုင်းက မြန်မာ နိုင်ငံ ရန်ကုန်မြို့ကိုရောက်ရှိလာပြီး ရှမ်းယူနိုက်တက်အသင်းနဲ့ လာရောက်ကစားခဲ့တဲ့အတွက် လူ့အခွင့်အရေး အုပ်စုတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

 

အခု ဒုတိယအကျော့ပွဲစဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က BG အားကစားကွင်း (BG Stadium) ထဲမှာ လာ မယ့်ကြာသပတေးနေ့ (နိုဝင်ဘာလ ၃၀ ရက်နေ့) မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

 

“သြစတေးလျအစိုးရက ရှမ်းယူနိုက်တက်အသင်းကစားသမားတွေကို ပြည်ဝင်ခွင့်ပေးဖို့ ငြင်းပယ်ခဲ့တာကြောင့် ကြားထဲက ဘက်မလိုက်နေရာတစ်ခုကို ရွှေ့ပြောင်းခဲ့ရတာဖြစ်ပါတယ်။ ဆိုလိုတာက ဒီပွဲကို သြစတေးလျနိုင်ငံ ထဲမှာကျင်းပဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုလိုတာပါ။” လို့ Football Australia က တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ကစပြီး စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေးမတည်မငြိမ်ဖြစ်ခဲ့ရာက လက်ရှိအချိန်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် လူဦးရေအများအပြား အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါ တယ်။

 

မြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံကို ခရီးမသွားကြဖို့ သြစတေးလျအစိုးရက သတိပေး ထားပါတယ်။

 

သြစတေးလျနိုင်ငံ ပြည်ဝင်ခွင့်ထုတ်ပေးခြင်း/ငြင်းဆန်ခြင်းကို အကြောင်းအရာတစ်ခုချင်းစီပေါ် မူတည်ပြီး ဆောင်ရွက်လေ့ရှိတယ်လို့ ဆိုပါတယ်။

 

“အခုလို ပွဲစဉ်ပြောင်းလဲကျင်းပခွင့်ပြုခဲ့တဲ့အတွက် အာရှဘောလုံးအသင်းချုပ်ကို Football Australia က ကျေးဇူးတင်ရှိပါတယ်။” လို့ Football Australia က ပြောပါတယ်။

 

Ref: AFC Cup tie moved to neutral venue after Australia denies Myanmar club visas

 

#PeopleMedia


Share this post