• Follow Us on
Latest News

Home ရှမ်းအရှေ့ဒေသ၊ မိုင်းယောင်းမြို့အနီးသို့ မိုင်းလားအဖွဲ့ NDAA အင်အားရာချီ ဝင်ရောက်နေရာယူ

ရှမ်းအရှေ့ဒေသ၊ မိုင်းယောင်းမြို့အနီးသို့ မိုင်းလားအဖွဲ့ NDAA အင်အားရာချီ ဝင်ရောက်နေရာယူ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်ခရိုင်၊ မိုင်းယောင်းမြို့အနီးသို့ မိုင်းလားအဖွဲ့ အမျိုးသားဒီမိုကရေစီ မဟာ မိတ်တပ်မတော် (NDAA)က အင်အားရာချီသုံးပြီး ဝင်ရောက်နေရာယူထားကြောင်း သိရသည်။

 

မိုင်းယောင်းမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် မိုင်းလားအဖွဲ့ဝင်များ အင်အားရာနှင့်ချီ ရောက်ရှိနေပြီး ဒေသခံ ကျေးရွာသားများကို ခေါ်တွေ့နေကာ ဝမ့်တုံ့ဘုန်းကြီးကျောင်းတွင်လည်း မိုင်းလားအဖွဲ့ဝင်များ ဝင်ရောက် နေရာယူထားကြောင်း သိရသည်။

 

မိုင်းယောင်းမြို့ ဘေးပတ်ပတ်လည်တွင် မြန်မာ့တပ်မတော်၏ ခမရ – ၃၁၁/ ၃၃၄/ ၃၃၅/ ၅၇၃ နှင့် အမြောက်တပ် ၃၉၈ တပ်ရင်းများ ရှိနေပြီး မိုင်းယုမြို့တွင် (၁၀၀၈) နယ်ခြားစောင့်တပ် တည်ရှိသည်။

 

#PeopleMedia


Share this post