• Follow Us on

Home ရှမ်း-ကယားနယ်စပ် နောင်ထောင်မြို့ရှိ စစ်သွေးကြွ PNLA စခန်းကို တပ်မတော် ဗုံးကြဲ

ရှမ်း-ကယားနယ်စပ် နောင်ထောင်မြို့ရှိ စစ်သွေးကြွ PNLA စခန်းကို တပ်မတော် ဗုံးကြဲ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ရှမ်း-ကယားနယ်စပ် နောင်ထောင်မြို့ရှိ စစ်သွေးကြွ PNLA စခန်းကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းလိုက်ကြောင်း သိရသည်။

 

ဇန်နဝါရီလ (၁၄)ရက် နေ့ခင်း (၃)နာရီခန့်က နောင်ထောင်မြို့ရှိ စစ်သွေးကြွ PNLA စခန်းကို တပ်မတော်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး (၄)ကြိမ် ကြဲချခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် စစ်သွေးကြွ PNLA အဖွဲ့ဝင်များ နေထိုင်နေသည့် နောင်ထောင်မြို့ရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး စစ်သွေးကြွ PNLA အဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

 

ဆီဆိုင်မြို့နယ်၊ နောင်ထောင်မြို့သည် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ရ.လ.လ.ဖ) အခြေစိုက်ရာ မြို့ဖြစ်သည်။

 

#PeopleMedia


Share this post