• Follow Us on

Home ရှီကျင့်ဖျင်သာဆန္ဒရှိရင် ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ ယူကရိန်းစစ်ပွဲရပ်သွားနိုင်ကြောင်း ဖင်လန်သမ္မတပြော

ရှီကျင့်ဖျင်သာဆန္ဒရှိရင် ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ ယူကရိန်းစစ်ပွဲရပ်သွားနိုင်ကြောင်း ဖင်လန်သမ္မတပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၅

 

ယူကရိန်းနိုင်ငံကို တိုက်ခိုက်နေတဲ့ ရုရှားရဲ့ကျူးကျော်စစ်ကို ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့ ရပ်တန့်သွားစေ နိုင်တဲ့စွမ်းအား တရုတ်နိုင်ငံမှာရှိကြောင်း ဖင်လန်သမ္မတ အလက်ဇန္ဒားစတပ်ဘ်က ပြောကြားလိုက်ပါတယ်။

 

တရုတ်အစိုးရဟာ ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့ လက်နက်တွေနဲ့ နည်းပညာတွေထောက်ပံ့ပေးခြင်းအားဖြင့် ရုရှားနိုင်ငံ နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်အောင် ကူညီနေတာကို စိုးရိမ်မှုတွေ မြင့်တက် နေတဲ့ကြားမှာ အခုလို ပြောကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

ရုရှားဟာ တရုတ်နိုင်ငံကို မှီခိုနေရတဲ့အတွက် တရုတ်သမ္မတရှီကျင့်ဖျင်က ၎င်းသာဆန္ဒရှိရင် ရုရှားကျူးကျော်စစ် ကို ရပ်တန့်ဖို့ အမိန့်ပေးနိုင်ကြောင်း သမ္မတစတပ်ဘ်က ပြောပါတယ်။

 

“လက်ရှိအချိန်မှာ ရုရှားဟာ တရုတ်နိုင်ငံကို အရမ်းမှီခိုနေရပါတယ်။ သမ္မတရှီဆီက ဖုန်းတစ်ချက်ခေါ်လိုက်တာ နဲ့ အဲဒီစစ်ပွဲကို ရပ်တန့်သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

တရုတ်သမ္မတက ရုရှားသမ္မတဗလာဒီမာပူတင်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောဆိုခဲ့ရင် ရုရှားသမ္မတဟာ ငြိမ်း ချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းရမှာဖြစ်ကြောင်း ဖင်လန်သမ္မတက ပြောပါတယ်။

 

“သူတို့မှာ တခြားရွေးချယ်စရာမရှိပါဘူး။” လို့ သမ္မတစတပ်ဘ်က ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်တွေ နယ်မြေချဲ့ထွင်တိုက်ခိုက်နိုင်အောင် တရုတ်နိုင်ငံက ရုရှားကို အကူအညီပေး နေကြောင်း အခုနှစ်အစောပိုင်းမှာ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။

 

အဲဒီလိုကူညီနေတဲ့အထဲမှာ ဒရုန်းထုတ်လုပ်မှု၊ အာကာသအခြေပြုလက်နက်ထုတ်လုပ်မှုနဲ့ ပဲ့ထိန်းဒုံးကျည်ထုတ် လုပ်မှုအတွက် အရေးကြီးတဲ့စက်ပစ္စည်းတွေ တင်ပို့မှုတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းတွေ ပါဝင်တယ်လို့ ဆိုပါ တယ်။

 

တရုတ်အစိုးရဟာ ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့ ရုရှားကို လက်နက်တွေတင်ပို့ပေးနေတယ်ဆိုတဲ့ ပြောကြားချက် ကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးဂရန့်ရှပ်စ်က ထောက်ခံပြောဆိုပါတယ်။ စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အဲဒီနှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရက်နေတယ်ဆိုတာကို သက် သေပြတဲ့ အထောက်အထားတွေ ရှိကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

 

“ကမ္ဘာကြီး နိုးထရမယ့် အချိန်ရောက်လာပါပြီ။ စေ့စပ်သေချာတဲ့အစီအစဉ်တွေနဲ့ လက်နက်တွေ ရှိဖို့ အချိန် ရောက်လာပြီလို့ အဓိပ္ပါယ်ရပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ရှီနဲ့ ပူတင်ဟာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့အတွက် အခုနှစ်အတွင်း သုံးလေးကြိမ် တွေ့ ဆုံခဲ့ပေမဲ့ “စစ်ပွဲအဆုံးသတ်ဖို့ နိုင်ငံရေးဖြေရှင်းမှု လိုအပ်ကြောင်း” တရုတ်သမ္မတရှီက အလေးထားပြောကြားခဲ့ ပါတယ်။

 

Ref: China Can End Russia’s War in Ukraine with One Phone Call: Finnish President

 

#PeopleMedia


Share this post