• Follow Us on

Home ရှေ့တန်းရောက်စစ်သည်တွေအတွက် ပထမဦးဆုံး မြေအောက်ဘန်ကာစစ်ဆေးရံုံကို ယူကရိန်းဖွင့်လှစ်

ရှေ့တန်းရောက်စစ်သည်တွေအတွက် ပထမဦးဆုံး မြေအောက်ဘန်ကာစစ်ဆေးရံုံကို ယူကရိန်းဖွင့်လှစ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၆

 

ယူကရိန်းတပ်မတော် ရှေ့တန်းစစ်ဆင်ရေးဒေသမှာ အသုံးပြုနိုင်ဖို့အတွက် ပထမဦးဆုံး မြေအောက်စစ်မြေပြင် ဆေးရုံတစ်ခုကို ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဖွင့်လှစ်လိုက်ပါတယ်။

 

အဲဒီစစ်ဆေးရုံမှာ တစ်လုံးကို အချင်း ၂.၅ မီတာ (၈.၂ ပေ) နဲ့ အရှည် ၇.၆ မီတာ (၂၄.၉ ပေ) ရှိတဲ့ စတီးလ်ဘန် ကာ ခြောက်လုံး ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။

 

တခြားအရပ်ဘက်ဆေးရုံတွေလိုပဲ အဲဒီမြေအောက်စစ်ဆေးရုံမှာ အောက်ဆီဂျင်အသက်ရှုစက်တွေ၊ နှလုံးခုန် နှုန်းစောင့်ကြည့်စက်တွေ၊ နှလုံးနှိုးစက်တွေ၊ လေရှုစက်တွေ၊ ခွဲစိပ်ခန်းသုံးကိရိယာတွေ၊ ပိုးသတ်ကိရိယာတွေ၊ လူနာအနွေးဓာတ်ရအောင်ပြုလုပ်တဲ့ကိရိယာတွေနဲ့ ဆေးရုံသုံးမီးနစ်အမျိုးမျိုးကိုပါ တပ်ဆင်ထားပါတယ်။

 

ဒါ့အပြင် ရေလိုင်းတွေ၊ လေသန့်စင်စနစ်တွေ၊ ရေမြောင်းစနစ်တွေ၊ အီလက်ထရောနစ်စနစ်တွေနဲ့ ပြောင်းလဲအ သုံးပြုနိုင်တဲ့ စွမ်းအင်ရင်းမြစ်တွေပါ တပ်ဆင်ထားပါတယ်။

 

မြေအောက်စစ်ဆေးရုံထဲက လုပ်ငန်းတာဝန်တွေကိုတော့ ယူကရိန်းတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးတပ်ဖွဲ့နဲ့အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပါတယ်။

 

ယူကရိန်းရဲ့ မြေအောက်စတီးလ်စစ်ဆေးရုံဟာ နေတိုးစံနှုန်းနဲ့အညီ ဒုတိယအဆင့် စစ်မြေပြင်ဆေးရုံ ဒါမှမဟုတ် Role/Echelon 2 ရဲ့ လိုအပ်ချက်တွေနဲ့အညီ တည်ဆောက်ထားတဲ့ ဆေးရုံဖြစ်ပါတယ်။

 

ဒီစစ်ဆေးရုံဟာ လူနာစစ်သည်တွေကို တခြားဆေးရုံတစ်ခုခုကို လွှဲပြောင်းပေးပို့ခြင်းမပြုမီ အထူးကြပ်မတ်ကုသ မှုတွေ၊ ပုံမှန်ဆေးဝါးကုသမှုတွေနဲ့ post-care support တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

 

အဲဒီဘန်ကာတွေမှာ ခွဲစိတ်ခန်းနှစ်ခန်း၊ သတိလည်လာအောင်ပြုစုပေးတဲ့အခန်းနှစ်ခန်း၊ အလုပ်ခန်းတစ်ခန်းနဲ့ လူနာနားနေခန်းတစ်ခန်းတို့ ပါဝင်ပါတယ်။

 

အဲဒီစစ်ဆေးရုံဟာ လူနာ ၁၀၀ ကျော်ကို လက်ခံကုသပေးနိုင်ကြောင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးတပ်ဖွဲ့ အကြီးအကဲ ရိုမန်ကူဇက်ဗ်က ပြောပါတယ်။

 

“အခုလို မြေအောက်စစ်ဆေးရုံတွေဟာ ကျွန်တော်တို့ တပ်မတော်သားတွေရဲ့အသက်တွေ ကယ်တင်ဖို့အတွက် အလွန်အရေးပါပါတယ်။ တိုက်ပွဲအခြေအနေတွေ ပြင်းထန်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ သူရဲကောင်းစစ်သည် တွေကို အမြင့်ဆုံးအကာအကွယ်ပေးပြီး အမြန်ဆုံးနဲ့ အကောင်းဆုံး ဆေးဝါးကုသပေးနိုင်ဖို့အတွက် ကျွန်တော် တို့ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။” လို့ ကူဇက်ဗ်က ပြောပါတယ်။

 

“ဒါဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအခြေခံအဆောက်အအုံကို မြှင့်တင်ပေးပြီး ရှေ့တန်းစစ်မြေပြင်မှာ ခုခံကာ ကွယ်နေတဲ့စစ်သည်တွေကို ထိထိရောက်ရောက် ပိုမိုထောက်ပံ့ပေးနိုင်မယ့် အင်မတန်ကြီးမားတဲ့ စီမံချက်ကြီး တစ်ခုထဲက ပထမဦးဆုံး အဆင့်တစ်ဆင့်ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Ukraine Opens First Bunker Hospital for Frontline Troops

 

#PeopleMedia


Share this post