• Follow Us on
Latest News

Home ရှေးဟောင်း Classic မော်တော်ယာဉ်များအား သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေး မည်

ရှေးဟောင်း Classic မော်တော်ယာဉ်များအား သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေး မည်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များအား တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင် ယာဉ်များအဖြစ် တရားဝင် မှတ်တမ်းတင်ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်း မရှိသည့်အတွက် မှတ်ပုံတင်ဖျက် သိမ်းပြီးဖြစ်သည့် 1980 Model နှင့် ၎င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သော ယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင်ဆောင်ရွက် ပေးမည်ဖြစ်ပြီး ယာဉ်အမှတ်အား ရောက်ရှိယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်ကာ ယခင် မှတ်ပုံ တင်ထားခြင်းမရှိသော ရှေးဟောင်းယာဉ်များအား မှတ်ပုံတင်ပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

 

ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ခြင်းအား သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ပြည်နယ်/ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်အထိ ၆ လကာလအတွင်း ဆက်သွယ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များ အား www.motc.gov.mm နှင့် www.myanmarrtad.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အသိပေး ကြေညာထားသည်။

 

#PeopleMedia


Share this post