လက္ကမ္းစာေစာင္အေရးေၾကာင့္ ေတာင္ – ေျမာက္ကိုရီးယားဆက္ ဆံေရးလမ္းေၾကာင္းအားလံုးရပ္ဆိုင္း

PUBLISHED - June 9, 2020
ဆိုးလ္၊ ဇြန္ ၉
ေခါင္းေဆာင္ႏွစ္ေယာက္ၾကား တိုက္႐ိုက္ဖုန္းလိုင္းအပါအ၀င္ ေျမာက္ကိုရီးယားဟာ ေတာင္ကိုရီးယားနဲ႔ ဆက္ ဆံေရးလမ္းေၾကာင္းအားလံုးကို ရပ္ဆိုင္းလိုက္ပါတယ္။
ေတာင္ကိုရီးယားကို ရန္သူလို႔ေဖာ္ျပၿပီး ဆက္တိုက္အေရးယူေဆာင္႐ြက္မႈေတြထဲမွာ ပထမဆံုးလို႔လည္း ေျမာက္ကိုရီးယားဘက္ကေျပာပါတယ္။
ေျမာက္ကိုရီးယားနယ္စပ္ၿမိဳ႕ ေကေဆာင္းမွာ႐ွိတဲ့ ေစ့စပ္ၫွိႏႈိင္းေရး႐ံုးကေနလုပ္ေနတဲ့ ေန႔စဥ္အဆက္အသြယ္ ေတြကို ဒီေန႔အဂၤါေန႔ကစၿပီးရပ္ေတာ့မွာပါ။
၂၀၁၈ ခုႏွစ္မွာ ေဆြးေႏြးမႈေတြလုပ္ၿပီးေတာ့ ႏွစ္ႏိုင္ငံေစ့စပ္ၫွိႏႈိင္းေရး႐ံုးတည္ေထာင္ခဲ့တာပါ။
၁၉၅၃ ခုႏွစ္မွာ ကိုရီးယားစစ္ပြဲၿပီးဆံုးတဲ့အခ်ိန္ ၿငိမ္းခ်မ္းေရးသေဘာတူစာခ်ဳပ္မ႐ွိတာေၾကာင့္ ကိုရီးယား ၂ ႏိုင္ငံ ဟာ စစ္ပြဲကာလမွာပဲ႐ွိေနေသးတာပါ။
ဒီေန႔မနက္ ၁၂ နာရီကစၿပီး ေျမာက္နဲ႔ေတာင္အာဏာပိုင္ေတြၾကား ေစ့စပ္ၫွိႏႈိင္းမႈဖုန္းလုိင္းကို ပိတ္လိုက္ၿပီး အဆက္အသြယ္ျဖတ္လိုက္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရပိုင္ KCNA သတင္းေအဂ်င္စီကေဖာ္ျပတာပါ။
စစ္ဘက္ဆက္သြယ္မႈလမ္းေၾကာင္းေတြကိုလည္း ပိတ္လိုက္ၿပီလို႔ ေျမာက္ကိုရီးယားဘက္ကေျပာပါတယ္။
COVID-19 ကန္႔သတ္မႈေတြေၾကာင့္ ေစ့စပ္ၫွိႏႈိင္းေရး႐ံုးကို ဇန္နဝါရီလမွာ ယာယီပိတ္ထားေပမဲ့ ႏွစ္ႏိုင္ငံၾကား တိုက္႐ိုက္ဖုန္းလိုင္းနဲ႔ အဆက္အသြယ္႐ွိပါတယ္။
မနက္ ၉ နာရီနဲ႔ ညေန ၅ နာရီတို႔မွာ အဲဒီ႐ံုးကေန ႏွစ္ႏိုင္ငံအဆက္အသြယ္လုပ္ပါတယ္။
တနလၤာေန႔မွာေတာ့ ၂၁ လအတြင္း ပထမဆံုးအေနနဲ႔ ေတာင္ကိုရီးယားရဲ႕ မနက္ခင္းဖုန္းေခၚဆိုမႈကို ေျမာက္ ကိုရီးယားဘက္က ျပန္မေျဖဘဲ ညေနမွျပန္ေျဖတယ္လို႔ ေတာာင္ကိုရီးယားဘက္ကေျပာပါတယ္။
ေျမာက္ကိုရီးယားကေန ေတာင္ကိုရီးယားကို ထြက္ေျပးသြားတဲ့အဖြဲ႔ေတြ ေျမာက္ကိုရီးယားဘက္ကို လက္ကမ္း စာေစာင္ေတြပို႔ေနတာကို ေတာင္ကိုရီးယားဘက္က မတားႏိုင္ရင္ ႐ံုးေတြပိတ္မယ္လို႔ ၿပီးခဲ့တဲ့တစ္ပတ္မွာ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအြန္ရဲ႕ညီမ ကင္ယိုဂၽြန္းကေျပာပါတယ္။
၂၀၁၈ ခုႏွစ္က ႏွစ္ႏိုင္ငံနယ္စပ္က အပစ္ရပ္နယ္ေျမမွာ႐ွိတဲ့ပန္မြန္ဂၽြန္းေက်း႐ြာမွာ ကင္ဂ်ံဳအြန္နဲ႔ ေတာင္ကိုရီး ယားသမၼတမြန္းဂ်ယ္အင္းတို႔ သေဘာတူခဲ့တဲ့ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ေတြကို လက္ကမ္းစာေစာင္စည္း ႐ံုးလႈံ႔ေဆာ္မႈေတြက ခ်ိဳးေဖာက္ေနၿပီး ဆိုး႐ြားတဲ့အျပဳအမူလို႔လည္း ကင္ယိုဂၽြန္းကေျပာပါတယ္။
Ref : North Korea halts all communications with South in row over leafleting
#PeopleMedia
(unicode)
လက်ကမ်းစာစောင်အရေးကြောင့် တောင် – မြောက်ကိုရီးယားဆက် ဆံရေးလမ်းကြောင်းအားလုံးရပ်ဆိုင်း
…………………………………………………
ဆိုးလ်၊ ဇွန် ၉
ခေါင်းဆောင်နှစ်ယောက်ကြား တိုက်ရိုက်ဖုန်းလိုင်းအပါအဝင် မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ဆက် ဆံရေးလမ်းကြောင်းအားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်။
တောင်ကိုရီးယားကို ရန်သူလို့ဖော်ပြပြီး ဆက်တိုက်အရေးယူဆောင်ရွက်မှုတွေထဲမှာ ပထမဆုံးလို့လည်း မြောက်ကိုရီးယားဘက်ကပြောပါတယ်။
မြောက်ကိုရီးယားနယ်စပ်မြို့ ကေဆောင်းမှာရှိတဲ့ စေ့စပ်ညှိနှိုင်းရေးရုံးကနေလုပ်နေတဲ့ နေ့စဉ်အဆက်အသွယ် တွေကို ဒီနေ့အင်္ဂါနေ့ကစပြီးရပ်တော့မှာပါ။
၂၀၁၈ ခုနှစ်မှာ ဆွေးနွေးမှုတွေလုပ်ပြီးတော့ နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းရေးရုံးတည်ထောင်ခဲ့တာပါ။
၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲပြီးဆုံးတဲ့အချိန် ငြိမ်းချမ်းရေးသဘောတူစာချုပ်မရှိတာကြောင့် ကိုရီးယား ၂ နိုင်ငံ ဟာ စစ်ပွဲကာလမှာပဲရှိနေသေးတာပါ။
ဒီနေ့မနက် ၁၂ နာရီကစပြီး မြောက်နဲ့တောင်အာဏာပိုင်တွေကြား စေ့စပ်ညှိနှိုင်းမှုဖုန်းလိုင်းကို ပိတ်လိုက်ပြီး အဆက်အသွယ်ဖြတ်လိုက်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းအေဂျင်စီကဖော်ပြတာပါ။
စစ်ဘက်ဆက်သွယ်မှုလမ်းကြောင်းတွေကိုလည်း ပိတ်လိုက်ပြီလို့ မြောက်ကိုရီးယားဘက်ကပြောပါတယ်။
COVID-19 ကန့်သတ်မှုတွေကြောင့် စေ့စပ်ညှိနှိုင်းရေးရုံးကို ဇန်နဝါရီလမှာ ယာယီပိတ်ထားပေမဲ့ နှစ်နိုင်ငံကြား တိုက်ရိုက်ဖုန်းလိုင်းနဲ့ အဆက်အသွယ်ရှိပါတယ်။
မနက် ၉ နာရီနဲ့ ညနေ ၅ နာရီတို့မှာ အဲဒီရုံးကနေ နှစ်နိုင်ငံအဆက်အသွယ်လုပ်ပါတယ်။
တနင်္လာနေ့မှာတော့ ၂၁ လအတွင်း ပထမဆုံးအနေနဲ့ တောင်ကိုရီးယားရဲ့ မနက်ခင်းဖုန်းခေါ်ဆိုမှုကို မြောက် ကိုရီးယားဘက်က ပြန်မဖြေဘဲ ညနေမှပြန်ဖြေတယ်လို့ တောာင်ကိုရီးယားဘက်ကပြောပါတယ်။
မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ထွက်ပြေးသွားတဲ့အဖွဲ့တွေ မြောက်ကိုရီးယားဘက်ကို လက်ကမ်း စာစောင်တွေပို့နေတာကို တောင်ကိုရီးယားဘက်က မတားနိုင်ရင် ရုံးတွေပိတ်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ရဲ့ညီမ ကင်ယိုဂျွန်းကပြောပါတယ်။
၂၀၁၈ ခုနှစ်က နှစ်နိုင်ငံနယ်စပ်က အပစ်ရပ်နယ်မြေမှာရှိတဲ့ပန်မွန်ဂျွန်းကျေးရွာမှာ ကင်ဂျုံအွန်နဲ့ တောင်ကိုရီး ယားသမ္မတမွန်းဂျယ်အင်းတို့ သဘောတူခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို လက်ကမ်းစာစောင်စည်း ရုံးလှုံ့ဆော်မှုတွေက ချိုးဖောက်နေပြီး ဆိုးရွားတဲ့အပြုအမူလို့လည်း ကင်ယိုဂျွန်းကပြောပါတယ်။
Ref : North Korea halts all communications with South in row over leafleting
#PeopleMedia