• Follow Us on
Latest News

Home လက္နက္အင္အားအဆင့္ႁမွင့္တင္ေနတဲ့ UWSA

လက္နက္အင္အားအဆင့္ႁမွင့္တင္ေနတဲ့ UWSA

Share this post

၁၉၈၉ ခုႏွစ္၊ ေမ ၉ ရက္မွာ ျမန္မာအစိုးရနဲ႔ ညီၫြတ္ေသာဝျပည္နယ္တပ္မေတာ္(UWSA)တို႔ အပစ္ရပ္သေဘာ တူစာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ၿပီး ပဋိပကၡေတြကို တရား၀င္အဆံုးသတ္ခဲ့ပါတယ္။

ဝျပည္နယ္မွာ ဘာသာစကား ၃ ခုကိုအသံုးျပဳေပမဲ့ ဗမာဘာသာစကားကေတာ့ ထိပ္တန္းျဖစ္ၿပီး ျပည္ေထာင္စု ျမန္မာႏိုင္ငံအလံဟာ သူတို႔အတြက္ စံတန္ဖိုးထားရတဲ့အရာျဖစ္ၿပီး တ႐ုတ္ဘာသာစကားကေတာ့ အမ်ားသံုး ဘာသာစကားပါ။

၁၉၈၉ ခုႏွစ္မွာ UWSA အင္အား ၁၅၀၀၀ နီးပါး႐ွိၿပီး ကြန္ျမဴနစ္တပ္ဖြဲ႔တခ်ိဳ႕လည္း ပူးေပါင္းထားပါတယ္။

ဒီေန႔မွာေတာ့ UWSA မွာ လက္နက္ကိုင္တပ္ဖြဲ႕၀င္ ၂၀၀၀၀ နီးပါး႐ွိပါတယ္။

၂၀၁၇ ခုႏွစ္မွာေတာ့ အဓိကစစ္ဘက္ဆိုင္ရာျပဳျပင္ေျပာင္းလဲမႈေတြျဖစ္ပြားခဲ့ၿပီး အေစာပိုင္းတပ္ရင္းပံုစံဖြဲ႕စည္းမႈ ေတြကို တပ္မဟာပံုစံဖြဲ႕စည္းခဲ့ၿပီး UWSA တပ္မဟာတစ္ခုရဲ႕ခြင့္ျပဳခ်က္ရထားတဲ့ဖြဲ႕စည္းပံုအရ လူ ၂၅၀၀ နဲ႔ ၃၀၀၀ ၾကားပါ၀င္ပါတယ္။

ပန္ဆန္းၿမိဳ႕မွာ စစ္ဘက္အေျခစိုက္အေနနဲ႔ ေျမာက္ဘက္ပိုင္းတပ္ဖြဲ႕မွာ အၿမဲတမ္းတပ္ဖြဲ႔၀င္ ၁၄၀၀၀ ေလာက္႐ွိ ၿပီး ေျခလ်င္တပ္မဟာ ၄ ခု႐ွိပါတယ္။

ပန္ဆန္းအေျခစိုက္အေႁမွာက္တပ္ရင္းေတြနဲ႔ ဗဟိုအေစာင့္တပ္ရင္းေတြက မုိင္းပန္မွာ႐ွိၿပီး ဌာနခ်ဳပ္ကို ကူညီေပး ႏိုင္ပါတယ္။

၂၀၁၉ ခုႏွစ္တုန္းက UWSA ဟာ အဓိကစစ္ေရးေအာင္ပြဲခံမႈေတြလုပ္ခဲ့ၿပီး ၿငိမ္းခ်မ္းေရးႏွစ္ ၃၀ ျပည့္ေအာင္ပြဲ ခံခဲ့ပါတယ္။
UWSA ဟာ တ႐ုတ္ႏိုင္ငံနဲ႔လည္း ရင္းရင္းႏွီးႏွီးပူးေပါင္းေဆာင္႐ြက္မႈ႐ွိၿပီး လက္နက္၀ယ္ယူျဖည့္တင္းမႈေတြ ခ်ဲ႕ထြင္ေနပါတယ္။

အဆင့္ႁမွင့္တင္မႈေတြဟာလည္း အရင္ကထက္ျမန္ဆန္ေနပါတယ္။

၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာလလယ္ပိုင္းတုန္းက ျမန္မာႏိုင္ငံက လက္နက္ကိုင္အဖြဲ႔ ၂၀ ထဲက ၈ ဖြဲ႕က ၾကာ ႐ွည္ေစာင့္ဆိုင္းေနခဲ့တဲ့တစ္ႏိုင္ငံလံုးအပစ္အခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကို ေနျပည္ေတာ္မွာ အစိုးရနဲ႔ လက္မွတ္ေရးထိုးခဲ့ပါတယ္။

ႏိုင္ငံတခ်ိဳ႕ေနရာေတြက အဓိကလက္နက္ကိုင္အဖြဲ႔ေတြကေတာ့ လက္မွတ္မထိုးခဲ့ဘဲ ပဋိပကၡေတြလည္း ဆက္ ၿပီးျပင္းထန္ေနတုန္းပါ။

၀အဖြဲ႕ကလည္း အပစ္ရပ္စာခ်ဳပ္ကို ႏွစ္ဖက္အပစ္ရပ္စာခ်ဳပ္လက္မွတ္ေရးထိုးထားတယ္ဆိုတဲ့အခ်က္နဲ႔ လ်စ္ လ်ဴ႐ွဳခဲ့ပါတယ္။

၀နဲ႔တပ္မေတာ္တို႔ ၁၉၈၉ ခုႏွစ္မွာ အပစ္ရပ္လက္မွတ္ေရးထိုးခဲ့ၿပီး ၂၀၁၁ ခုႏွစ္၊ သမၼတဦးသိန္းစိန္လက္ထက္မွာ ဒုတိယအႀကိမ္အပစ္ရပ္စာခ်ဳပ္လက္မွတ္ထိုးခဲ့ပါတယ္။

Type-69 RPG၊ ၁၂.၇ မမနဲ႔ ၁၄.၅ မမ စက္ေသနတ္ေတြ၊ ZU-23-2 ေ၀ဟင္ကေနေ၀ဟင္ပစ္လက္နက္ေတြလို မ်ိဳး က်ယ္ျပန္႔တဲ့အေႁမွာက္လက္နက္ေတြကို တ႐ုတ္ႏိုင္ငံကတင္သြင္းေနၿပီး UWSA စံျဖစ္ေရးလုပ္ရာမွာ ၅.၈ မမ Bull-pup ေမာ္ဒယ္ QBZ-95 ေတြကိုလည္း အသံုးျပဳေနပါတယ္။

Photo – Nyi Rang

Ref : Myanmar Ethinic Armed Group, Wa State Army weapon upgrading PeopleMedia

(unicode)
လက်နက်အင်အားအဆင့်မြှင့်တင်နေတဲ့ UWSA
……………………………………

၁၉၈၉ ခုနှစ်၊ မေ ၉ ရက်မှာ မြန်မာအစိုးရနဲ့ ညီညွတ်သောဝပြည်နယ်တပ်မတော်(UWSA)တို့ အပစ်ရပ်သဘော တူစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး ပဋိပက္ခတွေကို တရားဝင်အဆုံးသတ်ခဲ့ပါတယ်။

ဝပြည်နယ်မှာ ဘာသာစကား ၃ ခုကိုအသုံးပြုပေမဲ့ ဗမာဘာသာစကားကတော့ ထိပ်တန်းဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံအလံဟာ သူတို့အတွက် စံတန်ဖိုးထားရတဲ့အရာဖြစ်ပြီး တရုတ်ဘာသာစကားကတော့ အများသုံး ဘာသာစကားပါ။

၁၉၈၉ ခုနှစ်မှာ UWSA အင်အား ၁၅၀၀၀ နီးပါးရှိပြီး ကွန်မြူနစ်တပ်ဖွဲ့တချို့လည်း ပူးပေါင်းထားပါတယ်။

ဒီနေ့မှာတော့ UWSA မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀၀၀၀ နီးပါးရှိပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ အဓိကစစ်ဘက်ဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေဖြစ်ပွားခဲ့ပြီး အစောပိုင်းတပ်ရင်းပုံစံဖွဲ့စည်းမှု တွေကို တပ်မဟာပုံစံဖွဲ့စည်းခဲ့ပြီး UWSA တပ်မဟာတစ်ခုရဲ့ခွင့်ပြုချက်ရထားတဲ့ဖွဲ့စည်းပုံအရ လူ ၂၅၀၀ နဲ့ ၃၀၀၀ ကြားပါဝင်ပါတယ်။

ပန်ဆန်းမြို့မှာ စစ်ဘက်အခြေစိုက်အနေနဲ့ မြောက်ဘက်ပိုင်းတပ်ဖွဲ့မှာ အမြဲတမ်းတပ်ဖွဲ့ဝင် ၁၄၀၀၀ လောက်ရှိ ပြီး ခြေလျင်တပ်မဟာ ၄ ခုရှိပါတယ်။

ပန်ဆန်းအခြေစိုက်အမြှောက်တပ်ရင်းတွေနဲ့ ဗဟိုအစောင့်တပ်ရင်းတွေက မိုင်းပန်မှာရှိပြီး ဌာနချုပ်ကို ကူညီပေး နိုင်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက UWSA ဟာ အဓိကစစ်ရေးအောင်ပွဲခံမှုတွေလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အောင်ပွဲ ခံခဲ့ပါတယ်။
UWSA ဟာ တရုတ်နိုင်ငံနဲ့လည်း ရင်းရင်းနှီးနှီးပူးပေါင်းဆောင်ရွက်မှုရှိပြီး လက်နက်ဝယ်ယူဖြည့်တင်းမှုတွေ ချဲ့ထွင်နေပါတယ်။

အဆင့်မြှင့်တင်မှုတွေဟာလည်း အရင်ကထက်မြန်ဆန်နေပါတယ်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလလယ်ပိုင်းတုန်းက မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့ ၂၀ ထဲက ၈ ဖွဲ့က ကြာ ရှည်စောင့်ဆိုင်းနေခဲ့တဲ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို နေပြည်တော်မှာ အစိုးရနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုင်ငံတချို့နေရာတွေက အဓိကလက်နက်ကိုင်အဖွဲ့တွေကတော့ လက်မှတ်မထိုးခဲ့ဘဲ ပဋိပက္ခတွေလည်း ဆက် ပြီးပြင်းထန်နေတုန်းပါ။

ဝအဖွဲ့ကလည်း အပစ်ရပ်စာချုပ်ကို နှစ်ဖက်အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတယ်ဆိုတဲ့အချက်နဲ့ လျစ် လျူရှုခဲ့ပါတယ်။

ဝနဲ့တပ်မတော်တို့ ၁၉၈၉ ခုနှစ်မှာ အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၁ ခုနှစ်၊ သမ္မတဦးသိန်းစိန်လက်ထက်မှာ ဒုတိယအကြိမ်အပစ်ရပ်စာချုပ်လက်မှတ်ထိုးခဲ့ပါတယ်။

Type-69 RPG၊ ၁၂.၇ မမနဲ့ ၁၄.၅ မမ စက်သေနတ်တွေ၊ ZU-23-2 ဝေဟင်ကနေဝေဟင်ပစ်လက်နက်တွေလို မျိုး ကျယ်ပြန့်တဲ့အမြှောက်လက်နက်တွေကို တရုတ်နိုင်ငံကတင်သွင်းနေပြီး UWSA စံဖြစ်ရေးလုပ်ရာမှာ ၅.၈ မမ Bull-pup မော်ဒယ် QBZ-95 တွေကိုလည်း အသုံးပြုနေပါတယ်။

Photo – Nyi Rang

Ref : Myanmar Ethinic Armed Group, Wa State Army weapon upgrading PeopleMedia


Share this post