လက်နက်ကိုင်ပဋိပက္ခများအားလုံးသည် နိုင်ငံပြိုကွဲပျက်စီးရေးကိုဦးတည်နေသဖြင့် အားလုံးက မျိုးချစ်စိတ် ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့် ပြည်သူကိုကာကွယ်စောင့်ရှောက်ပေးကြရန် နစကဥက္ကဋ္ဌ တိုက်တွန်း
PUBLISHED - February 8, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၈
နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ခိုက်ဖျက်ဆီးမှုများအားလုံးသည် နိုင်ငံပြိုကွဲ ပျက်စီးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေသဖြင့် သက်ဆိုင်သူ အားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးကြ ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက် တွန်းလိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောဆိုထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း (၇၀)ကျော် ကြာခဲ့ပြီဖြစ်သော် လည်း နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့သည့် အမွေဆိုးကို ယခုထိခံစားနေရဆဲဖြစ်ကြောင်း၊ ကိုလိုနီလက်အောက် တွင် ဖိနှိပ်အုပ်ချုပ်မှုကို ရှမ်းတိုင်းရင်းသားများအပါအဝင် နိုင်ငံနှင့်အဝန်း တိုင်းရင်းသားပြည်သူအားလုံးက မျိုး ချစ်စိတ်ဓာတ်ဖြင့် အသက်သွေးချွေးများစွာ ပေးဆပ်တိုက်ပွဲဝင်ပြီး လွတ်လပ်ရေးကို ရယူနိုင်ခဲ့သော်လည်း သွေး ခွဲအုပ်ချုပ်သည့်အမွေဆိုးကြောင့် ပြည်ထောင်စုအတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြိုကွဲကာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ယနေ့အထိ ဖြစ်ပွားလျက်ရှိသည်မှာ သတိထားသင့်သည့်အချက်ဖြစ်ကြောင်း ပြော သည်။
အထူးသဖြင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများဖော်ဆောင်နေ ခြင်း၊ တိုက်ပွဲများဖြစ်နေခြင်း၊ ဆူပူအကြမ်းဖက်ဖျက်ဆီးနှောင့်ယှက်တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်း သားပြည်သူများ ဒုက္ခများစွာခံစားနေကြရကြောင်း၊ ထို့အပြင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးပါ ပျက်ပြားလာသည့်အပြင် နိုင်ငံအတွက်ပါ အန္တရာယ်ရှိလာနိုင်သည်ကို အားလုံးက သိရှိလက်ခံကာ စဉ်းစားသုံးသပ်ကြရန်လိုပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့အကျိုးစီးပွားကိုသာ ဦးတည်ဆောင်ရွက်နေရုံသာမက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ စေတီပုထိုး များအပါအဝင် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ အဆောက်အဦ စသည်တို့ကိုပါ ဖျက်ဆီးခြင်းမှာ လွန်စွာ အကျည်းတန်အရုပ်ဆိုးပြီး ဒေသခံပြည်သူများ ဆင်းရဲဒုက္ခများစွာ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့အနေဖြင့် တည်ငြိမ် အေးချမ်းရေးနှင့် ထာဝရငြိမ်း ချမ်းရေးဖြစ်ထွန်းလာအောင် အလေးအနက်ထား စဉ်းစားဆောင်ရွက်သင့်သည့်အချိန်ကာလဖြစ်ကြောင်းနှင့် နောက်ကျလျှင် နောက်ကျသလောက် အကျိုးယုတ်နိုင်ပြီး နိုင်ငံအတွက် အန္တရာယ်ရှိသည်ကို သတိပြုကြရမည် ဖြစ်ကြောင်း ပြောသည်။
နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ခိုက်ဖျက်ဆီးမှုများအားလုံးသည် နိုင်ငံပြိုကွဲ ပျက်စီးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေသဖြင့် သက်ဆိုင်သူ အားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်ပေး ကြပါရန်၊ နိုင်ငံ၏အနာဂတ်ဖြစ်သော လူငယ်မျိုးဆက်သစ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ် များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြပါရန် ဆန္ဒပြုတိုက်တွန်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားသည်။
#PeopleMedia