• Follow Us on

Home လက်နက်ကိုင်ပုန်ကန်မှုတွေကြောင့် တိုင်းပြည်အစိတ်အစိတ်အမွှာမွှာပြိုကွဲနိုင်ကြောင်း ယာယီသမ္မတဦးမြင့်ဆွေ ပြော

လက်နက်ကိုင်ပုန်ကန်မှုတွေကြောင့် တိုင်းပြည်အစိတ်အစိတ်အမွှာမွှာပြိုကွဲနိုင်ကြောင်း ယာယီသမ္မတဦးမြင့်ဆွေ ပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၀

 

တပ်မတော်အနေနဲ့ တရုတ်နယ်စပ်တစ်လျှောက် လက်နက်ကိုင်သူပုန်များရဲ့ထိုးစစ်ကို မချေမှုန်းနိုင်ဘူးဆိုရင် တိုင်းပြည်အစိတ်အစိတ်အမွှာမွှာ ပြိုကွဲသွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ မြန်မာနိုင်ငံယာယီသမ္မတဦးမြင့်ဆွေက ပြောကြားလိုက်ကြောင်း အစိုးရမီဒီယာတွေမှာ ကြာသပတေးနေ့ (နိုဝင်ဘာလ ၉ ရက်နေ့) က ဖော်ပြထားပါ တယ်။

 

တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ သီတင်းပတ်နှစ်ပတ်နီးပါးကြာမြင့် နေပြီဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက နစက အစိုးရအ တွက် အကြီးမားဆုံးစစ်ရေးစိန်ခေါ်မှုဖြစ်ကြောင်း ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

 

“နယ်စပ်ဒေသမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဆောင်ရွက် နိုင်ခြင်းမရှိဘူးဆိုရင် တိုင်းပြည်အစိတ်အစိတ်အမွှာမွှာ ပြိုကွဲသွားနိုင်ပါတယ်။” လို့ ယာယီသမ္မတဦးမြင့်ဆွေက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ကြောင်း အစိုးရ Global New Light of Myanmar မှာဖော်ပြထားပါတယ်။

 

မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) ၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရခိုင့်တပ်တော် (AA) တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့အမည်ခံ သူပုန်အုပ်စုဟာ အစိုးရတပ် စခန်းအများအပြားကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တရုတ်နိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ အဓိကကုန်သွယ်ရေးလမ်း ကြောင်းတွေကို ပိတ်ဆို့ထားပါတယ်။

 

နစက အစိုးရက အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခုကို မထိန်းချုပ်နိုင်တော့တာကို ဝန်ခံပြောကြားခဲ့ပေမဲ့ ရက်ပေါင်းများစွာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်းမရှိပါဘူး။

 

မြန်မာ့တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်ထိပ်တန်းခေါင်းဆောင်တွေတက် ရောက်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး (ကာလုံအစည်းအဝေး) မှာ ယာယီ သမ္မတဦးမြင့်ဆွေက အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဦးမြင့်ဆွေဟာ ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်မှာ ဒုတိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် တပ်မတော်ကအာဏာသိမ်းပြီး နောက် နစက အစိုးရက ၎င်းကို ယာယီသမ္မတအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

 

“တပ်မတော်သားတွေအသက်စွန့်တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှု ပြန် လည်ရရှိနိုင်ပြီဖြစ်ပါတယ်။” လို့ ယာယီသမ္မတဦးမြင့်ဆွေက ပြောပါတယ်။

 

မြန်မာနယ်စပ်ဒေသမှာ လက်နက်ကိုင်အဖွဲ့ပေါင်းအများအပြားရှိနေပြီး အဲဒီအထဲက တချို့သူပုန်အဖွဲ့တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့နဲ့ ဒေသထွက်သယံဇာတတွေကို ထိန်းချုပ်လိုတဲ့အတွက် တပ်မတော်ကို တိုက်ခိုက်နေ တာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပါတယ်။

 

သူပုန်အဖွဲ့တချို့ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့်ထွက်ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါ် PDF အဖွဲ့တွေကို စစ်ပညာလေ့ကျင့်သင်ကြားပေးပြီး လက်နက်တပ်ဆင်ပေးခဲ့ပါတယ်။

 

မကြာသေးခင်ရက်တွေအတွင်းက PDF လက်နက်ကိုင်တွေဟာ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ မြို့နယ်တချို့ကို ဝင် ရောက်တိုက်ခိုက်ခဲ့ပြီး အစိုးရအဆောက်အအုံတွေ၊ လမ်း/တံတားတွေကို မီးတင်ရှို့ဖျက်ဆီးခဲ့ကြောင်း ကာလုံအ စည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

 

လူများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားတွေ အဓိကနေထိုင်ပြီး တပ်မတော်အတွက် တပ်သားသစ်စုဆောင်းရာအဓိက နေရာတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းဟာ စစ်အုပ်ချုပ်ရေးကို ခုခံတော်လှန်နေတဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာတစ်ခုဖြစ် လာခဲ့ပါတယ်။

 

Ref: Armed rebellion risks break-up of Myanmar: junta-backed president: AFP

 

#PeopleMedia


Share this post