• Follow Us on
Latest News

Home လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းသွားရမှာဖြစ်ကြောင်း မြန်မာ နစက အစိုးရခေါင်းဆောင်ပြော

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းသွားရမှာဖြစ်ကြောင်း မြန်မာ နစက အစိုးရခေါင်းဆောင်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၆

 

တပ်မတော်ကိုတိုက်ခိုက်နေတဲ့ ထိုးစစ်တွေမှာပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ၎င်းတို့ရဲ့ ပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းသွားရမှာဖြစ်တယ်လို့ မြန်မာ နစက အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ကြောင်း မြန်မာအစိုးရမီဒီယာတွေမှာ အင်္ဂါနေ့ (ဒီဇင်ဘာလ ၅ ရက်နေ့) က ရေးသားဖော်ပြထားပါတယ်။

 

“လက်နက်ကိုင်အဖွဲ့တွေက ဆက်လက်ပြီး မိုက်မဲနေဦးမယ်ဆိုရင် သက်ဆိုင်ရာဒေသခံပြည်သူတွေက ဆိုးကျိုး တွေခံစားရမှာပဲဖြစ်တယ်လို့ ဗိုလ်ချုပ်မှုူးကြီးက သတိပေးလိုက်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုရဲ့ အသက်အိုး အိမ်စည်းစိမ်ကို ထောက်ထားစဉ်းစားဖို့လိုအပ်ပါတယ်။ အဲဒီလက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ရဲ့ပြဿနာတွေ ကို နိုင်ငံရေးအရ ဖြေရှင်းဖို့ လိုအပ်ပါတယ်။” လို့ မြန်မာ့အလင်းသတင်းစာမှာဖော်ပြထားပါတယ်။

 

မဟာမိတ်သုံးဖွဲ့လို့ခေါ်တဲ့ သူပုန်အဖွဲ့သုံးဖွဲ့ဟာ မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလနှောင်း ပိုင်းက ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြို့ရွာတချို့၊ နယ်စပ်ကုန်သွယ်ရေးစခန်းတချို့နဲ့ တပ်စခန်းတချို့ကို သိမ်းပိုက်ခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် နိုင်ငံရဲ့အာဏာကို ထိန်းချုပ်ထားတဲ့ နစက အစိုးရခေါ် မြန်မာ့တပ်မတော်ဟာ အကြီးမားဆုံးစိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုက်တာသတင်းဌာနက ရေး သားထားပါတယ်။

 

စင်ပြိုင်အစိုးရကထောက်ပံ့ထားတဲ့ လက်နက်ကိုင်သူပုန်အုပ်စုတချို့ကတော့ နစက ခေါင်းဆောင်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအရဆွေးနွေးဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။

 

“သူတို့တွေ မြေပြင်မှာ အရှုံးကြီးရှုံးနေတဲ့အတွက် ထွက်ပေါက်ရဖို့ ကြိုးစားနေတာပါ။ စစ်တပ်က နိုင်ငံရေးလော ကထဲမှာ မနေတော့ဘူးလို့ အာမခံချက်ပေးမှသာ စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာမှာပါ။ စစ်တပ်ဟာ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလက်အောက်မှာပဲရှိရပါမယ်။” လို့ စင်ပြိုင်အစိုးရဖြစ်တဲ့ အမျိုးသားညီ ညွတ်ရေး (NUG) အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက ပြောပါတယ်။

 

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်၊ အနောက်ဘက်မှာရှိတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ တပ်စခန်း/ ရဲစခန်းအများအပြားဟာ လက်နက်ချခဲ့ကြကြောင်း မီဒီယာရေး သားဖော်ပြချက်တွေနဲ့ ရိုက်တာသတင်းဌာနက စိစစ်အတည်ပြုထားတဲ့ ဗီဒီယိုဖိုင်တွေအရ သိရပါတယ်။

 

Ref: Myanmar junta leader says armed organizations must solve their problems ‘politically’ – state media: Reuters

 

#PeopleMedia


Share this post