• Follow Us on
Latest News

Home လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၅

 

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပသည့်  ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့ဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရမည့်အချိန် တွင် အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများကို ပြန်လည်တည်ဆောက်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်သာ အချိန်ကုန်ပြီး ငွေကြေးများသုံးစွဲနေရကြောင်း၊ ယခုအခါ KNPP အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ရှိ နေအိမ်အဆောက်အဦများစွာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလွန်ပင်ခက်ခဲသွားပြီဖြစ်ကြောင်း ပြောသည်။

 

“လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဆက်လက်ပြီး မိုက်တွင်းနက်နေမယ်ဆိုရင် မိုက်တွင်းနက်တဲ့ ဒဏ်ကို ဒေသရှိပြည်သူတွေကပဲ ခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် မြေစာပင်ဖြစ်နေတဲ့ ပြည်သူကို ကိုယ်ချင်းစာဖို့နဲ့ ဆက်လက်ပြီး မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့လိုမှာဖြစ်ပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

 

ရခိုင်ဒေသသည် သဘာဝဘေးအန္တရာယ်ကိုလည်း မကြာခဏခံစားရလျက်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မကြာခဏဆောင်ရွက်ပေးနေရကြောင်း၊ ထို့ပြင် ဘင်္ဂါလီအရေး အခင်းကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ ယခုထပ်မံ၍ AA လက်နက်ကိုင်အဖွဲ့အနေဖြင့်မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝဒေသတို့တွင် လက်နက်ကိုင်အကြမ်းဖက်မှုများ ဖန်တီးလျက်ရှိကြောင်း၊ ထိုကဲ့သို့ဒေသတွင်း၌ ပဋိပက္ခများဖြစ် ပေါ်နေခြင်း၏ ဆိုးကျိုးကို ဒေသခံများကသာ ခံစားရမည်ဖြစ်ပြီး ခေတ်အဆက်ဆက်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်ပေးခဲ့သည့်လမ်း၊ တံတား၊ အဆောက်အဦးများ၊ ရှေးဟောင်း အမွေအနှစ်များသည် အဖျက်အမှောင့် လုပ်ရပ်များကြောင့် တစ်ခဏတာအတွင်း ပျက်စီးဆုံးရှုံး မှုများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက မိမိတို့ လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် ၎င်းတို့တောင်းဆိုနေသည့် အချက်များအားလုံးပါဝင်ပြီးဖြစ်ပြီး ပြည် ထောင်စုကြီး လုံးဝ ပြိုကွဲ၍ရမည်မဟုတ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးခံယူ ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ အမျိုးသားရေးလုပ်ငန်းသုံးရပ်ကိုအခြေခံ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လုံးဝ အထိခိုက်ခံမည်မဟုတ်ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့်  ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post