• Follow Us on

Home လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူမဆန်စွာအကြမ်းဖက်ရက်စက်ယုတ်မာသည့်လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီ (၂၅) ပါတီမှ ပူးတွဲသဘောထားထုတ်ပြန်

လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူမဆန်စွာအကြမ်းဖက်ရက်စက်ယုတ်မာသည့်လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီ (၂၅) ပါတီမှ ပူးတွဲသဘောထားထုတ်ပြန်

Share this post

နေပြည်တော်၊ ဩဂုတ် ၅

 

လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူမဆန်စွာ အကြမ်းဖက်ရက်စက်ယုတ်မာသည့် လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီ (၂၅) ပါတီမှ ပူးတွဲသဘောထားထုတ်ပြန်ကြေညာလိုက်သည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုှုးမြို့ရှိ အမှတ် ၉ ဆေးရုံ ကုတင် ၁၀၀ အား လက်နက်ကြီး/ရှော့တိုက်ဒုံး/ Drome/လက်နက်ငယ်မျိုးစုံတို့ဖြင့် ဆင်ခြင်မဲ့ ရက်စက်ကြမ်းကြုတ်စွာ ပတ်ခတ်တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်သောင်းကျန်သူများသည် စစ်ရေးပစ်မှတ် မဟုတ်သော ဆရာဝန် သူနာပြုအပါအဝင် ဝန်ထမ်းများ၊ အရပ်သူ အရပ်သား လူနာများ၊ ကလေးသူငယ်များ၊ ရင်ခွင်ပိုက်ကလေးများ အပါအဝင် အပြစ်မဲ့ ပြည်သူများစွာ အား ရက်စက်စွာ အနီးကပ်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်အပါအဝင် လူနာအချို့အား ဖမ်းဆီး ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

ဤဖြစ်လုပ်ရပ်သည် လူသားမဆန်သည့် ဆိုးဝါးသော အကြမ်းဖက်မှုဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကိုလည်းကောင်း၊ ပြည်တွင်းရှိ တည်ဆဲဥပဒေများကိုလည်းကောင်း၊ နိုင်ငံတကာလူ့အခွင့်အရေးကြေညာ စာတမ်းပါ အခြေခံလူ့အခွင့်အရေးများကိုလည်းကောင်း ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့ကြခြင်းဖြစ်သည်။

 

ထိုအကြမ်းဖက်သောင်းကျန်သူများနှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများအား အကြမ်းဖက်သောင်းကျန်း သူများအဖြစ်သတ်မှတ်၍ ပြည်တွင်းဥပဒေများအရ အရေးယူဆောင်ရွက်ပေးရန်နှင့် ပြည်တွင်း၌သာမက နိုင်ငံတကာမှလည်း အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်၍ အရေးယူပိတ်ဆို့ဆောင်ရွက်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း နိုင်ငံရေးပါတီ (၂၅) ပါတီမှ ပူးတွဲ ထုတ်ပြန်ထားသည်။

 

သို့ဖြစ်ပါ၍ အကြမ်းဖက်သောင်းကြမ်းသူများဖြစ်သည့် MNDAA၊ AA၊ TNLAနှင့် ၎င်းတို့နှင့် ဆက်နွယ်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူမဆန်စွာ အကြမ်းဖက်ရက်စက်ယုတ်မာသည့် လုပ်ရပ်များကို မိမိတို့နိုင်ငံရေးပါတီများအနေဖြင့် သန်းပေါင်းများစွာသေယ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများကို ကိုယ်စားပြု၍ လုံး၀ (လုံးဝ) လက်မခံပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ပူးတွဲသဘောထားထုတ်ပြန်ထားကြသည်။

 

#PeopleMedia


Share this post