လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ ဒဏ်ရာရ

PUBLISHED - July 28, 2023
နေပြည်တော်၊ ဇူလိုင် ၂၈
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ဝမ်ကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၅ ရက် ည ၈:၃၀ အချိန်တွင် PDF များမှ လွိုင်ကော်မြို့ရှိ ဝမ်ကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်ဖြင့် ပစ်ခတ်ရာ ထိုကျေးရွာတွင်နေသည့် ပြည်သူ (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများမှာ ဖခင်ဖြစ်သူ အသက် (၈၆) နှစ်အရွယ် ဦးဟူးနှင့် ၎င်း၏သမီးဖြစ်သူ အသက် (၃၆) နှစ်အရွယ် မချယ်ရီတို့ဖြစ်ပြီး တစ်ရွာတည်းနေ အသက် (၆၈) နှစ် အရွယ် ဒေါ်ငွေတို့မှ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia