• Follow Us on

Home လက်နက်ကြီးတွေပိုမိုထောက်ပံ့ဖို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးသစ် တောင်းဆို

လက်နက်ကြီးတွေပိုမိုထောက်ပံ့ဖို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးသစ် တောင်းဆို

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၁

 

ရှည်လျားပြီး ခက်ခဲလှတဲ့ တန်ပြန်ထိုးစစ်ကြားမှာ မိတ်ဖက်နိုင်ငံတွေအနေနဲ့ လက်နက်ကြီးတွေ တိုးမြှင့်ထောက် ပံ့ပေးကြဖို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးသစ် ရပ်စတမ်းယူမရော့ဗ်က တောင်းဆိုလိုက်ပါတယ်။

 

“ထောက်ပံ့မှုတွေအားလုံးအတွက် ကျွန်တော်တို့ အလွန်ပဲကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နောက်ထပ်လက် နက်ကြီးတွေ ထပ်မံလိုအပ်နေပါသေးတယ်။ ကျွန်တော်တို့ အဲဒီလက်နက်ကြီးတွေကို ချက်ချင်းအရေးတကြီးလို အပ်နေတာဖြစ်ပါတယ်။” လို့ စနေနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ယူမရော့ဗ်က ထည့်သွင်းပြောပါတယ်။

 

လက်နက်တွေပေးပို့တာ နှောင့်နှေးကြန့်ကြာနေတာဟာ ယူကရိန်းတပ်ဖွဲ့ဝင်တွေရဲ့ တန်ပြန်ထိုးစစ်တွေကို ဟန့် တားနေတာဖြစ်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက အဲဒီအစည်းအဝေးမှာပဲ ပြောပါတယ်။

 

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ယူကရိန်းတပ်တွေဟာ ဇွန်လကတည်းကစပြီး တန်ပြန်ထိုးစစ်တွေဆင်နွှဲတိုက် ခိုက်နေတာဖြစ်ပါတယ်။

 

“ယူကရိန်းစစ်သားတွေဟာ ဒီကနေ့အချိန်မှာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် သူတို့ဘဝတွေကို စွန့်လွှတ်စွန့် စားပြီး တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ အို…ချစ်လှစွာသော မိတ်ဆွေနိုင်ငံအပေါင်းတို့ မိတ်ဆွေတို့ဆီက ထောက်ပံ့မှုတွေကို သူတို့လိုအပ်နေပါတယ်။ အဲဒီထောက်ပံ့မှုတွေကတော့ စစ်လက်နက်ပစ္စည်းတွေပဲဖြစ်ပါ တယ်။” လို့ ယူမရော့ဗ်က ပြောပါတယ်။

 

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနမှာ နည်းလမ်းသစ်တွေအသုံးပြုဖို့ သမ္မတဇီလန်စကီးက တောင်းဆိုလိုက်ပြီး နောက် အခုသီတင်းပတ်အတွင်းမှာ ယူမရော့ဗ်ကိ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။

 

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနအတွင်း အကျင့်ပျက်ခြစားမှုတွေသတင်းတွေထွက်ပေါ်လာပြီး နာမည်ပျက် လာပြီးနောက် ရုရှားကျူုးကျော်တိုက်ခိုက်မှု တစ်နှစ်ခွဲကျော်ကြာမြင့်လာတဲ့ကာလအတွင်းမှာ အခုလို အသက် ၄၁ နှစ်အရွယ် ယူမရော့ဗ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်လိုက်တာဟာ ယူကရိန်းနိုင်ငံအတွက် အရေး ကြီးတဲ့အပြောင်းအလဲတစ်ခုဖြစ်ပါတယ်။

 

အနောက်နိုင်ငံက စစ်လက်နက်ပစ္စည်းတွေစုပုံရောက်ရှိလာပြီးနောက် ယူကရိန်းတပ်တွေက တန်ပြန်ထိုးစစ် စ တင်ခဲ့တာဖြစ်ပေမဲ့ ရုရှားတပ်တွေက ၎င်းတို့ခံစစ်လိုင်းကို အကြီးအကျယ်မြှင့်တင်ထားတဲ့အတွက် ယူကရိန်း တပ်တွေစာ တန်ပြန်ထိုးစစ်မှာ ထင်သလောက် ခရီးမပေါက်ခဲ့ဘူးလို့ ဆိုပါတယ်။

 

ဒါပေမဲ့ ပြီးခဲ့တဲ့လနှောင်းပိုင်းက တောင်ပိုင်းမှာရှိတဲ့ ရိုဘိုတီနီကျေးရွာကို သိမ်းပိုက်လိုက်ပြီးနောက်မှာ ယူကရိန်း တပ်တွေ မဟာဗျူဟာမြောက်အောင်ပွဲရခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

 

အဲဒီကျေးရွာကို သိမ်းပိုက်နိုင်လိုက်တာဟာ ရုရှားတွေသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည် သိမ်းပိုက်ဖို့ လမ်းဖွင့်ပေးလိုက်တာဖြစ်ကြောင်း ယူကရိန်းအစိုးရက ပြောပါတယ်။

 

Ref: Ukraine’s New Defense Minister Asks for ‘More Heavy Weapons’

 

#PeopleMedia


Share this post