• Follow Us on
Latest News

Home လက်နက်ခဲယမ်းဝယ်ယူရန် လှူဒါန်းထားသောအလှူငွေများအား လိမ်လည်မှုဖြင့် မြိတ် PDF ထောက်ပို့ အမျိုးသမီးတစ်ဦးအား ထုတ်ပယ်

လက်နက်ခဲယမ်းဝယ်ယူရန် လှူဒါန်းထားသောအလှူငွေများအား လိမ်လည်မှုဖြင့် မြိတ် PDF ထောက်ပို့ အမျိုးသမီးတစ်ဦးအား ထုတ်ပယ်

Share this post

နေပြည်တော်၊ မတ် ၁၉

 

လက်နက်ခဲယမ်းဝယ်ယူရန် ပြည်သူလှူဒါန်းထားသောအလှူငွေများအား လိမ်လည်မှုဖြင့် ထောက်ပို့အမျိုးသမီး တစ်ဦးကို ထုတ်ပယ်လိုက်ကြောင်း မြိတ် PDF မှ ထုတ်ပြန်ထားသည်။

 

အဆိုပါ အမျိုးသမီးသည် လက်နက်ခဲယမ်းဝယ်ယူန် ဘတ်ငွေ (၂၉၄၃၀၀) လွှဲအပ်ထားရာ အချိန် ၁ နှစ်ကျော် ကာလရောက်လာသည်အထိ လက်နက်ခဲယမ်း တစ်စုံတရာမျှ ရောက်ရှိလာခြင်း မရှိသောကြောင့် လှူဒါန်းငွေ များအား လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် တာဝန်ပေးအပ်ခြင်းမရှိဘဲ မိမိသဘောဆန္ဒအရ အဖွဲ့အစည်း နာမည် အသုံးပြု၍ လိုက်လံအလှူခံမှုများ ရှိနေကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် ငွေလိမ်လည်ခြင်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိသော တောင်ပံနီ (ခ) မနွယ်နီအား မတ်လ ၁၈ ရက်နေ့မှစ၍ ထောက်ပို့အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post