• Follow Us on

Home လက်နက်စွဲကိုင်ကာ အချင်းချင်းအပြန်အလှန်တိုက်ခိုက်နေကြရင်း အချုပ်အခြာအာဏာဆုံးရှုံးရသည့်ဘဝသို့ ရောက်သွားနိုင်သည်ကိုသတိပြုကြရန်လိုကြောင်း နစကဥက္ကဋ္ဌပြောကြား

လက်နက်စွဲကိုင်ကာ အချင်းချင်းအပြန်အလှန်တိုက်ခိုက်နေကြရင်း အချုပ်အခြာအာဏာဆုံးရှုံးရသည့်ဘဝသို့ ရောက်သွားနိုင်သည်ကိုသတိပြုကြရန်လိုကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၃

 

ကိုယ်ကျိုးအတ္တများဖြင့် လက်နက်စွဲကိုင်ကာ အချင်းချင်းအပြန်အလှန်တိုက်ခိုက်နေကြရင်း လဲပြိုသွားပြီး အချုပ်  အခြာအာဏာဆုံးရှုံးရသည့် ဘဝသို့ရောက်သွားနိုင်သည်ကို သတိပြုကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောကြားသည်။

 

လက်ရှိအခြေအနေတွင် ချင်းပြည်နယ်နေရာဒေသအချို့အပါအဝင် နိုင်ငံ၏နေရာအနှံ့အပြား၌ ဆူပူအကြမ်း ဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံကို ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာ ရှိနေခြင်းမှာ နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှကြောင်း၊ စည်းလုံးညီညွတ်မှုပြိုကွဲပြီး လွဲမှားသည့် အယူ အဆ၊ ကိုယ်ကျိုးအတ္တများဖြင့် လက်နက်စွဲကိုင်ကာ အချင်းချင်းအပြန်အလှန်တိုက်ခိုက်နေကြရင်း လဲပြိုသွားပြီး အချုပ်အခြာအာဏာဆုံးရှုံးရသည့် ဘဝသို့ရောက်သွားနိုင်သည်ကို သတိပြုကြရန်လိုကြောင်း၊ ထိုအဖြစ်မျိုး မရောက်စေရန်အတွက် တစ်ခုတည်းသောလိုအပ်ချက်မှာ ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ရာစုနှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့ပြီးဖြစ်သည့် သံယောဇဉ်တရားနှင့် ချစ်ခင်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိ သည့် ပြည်တွင်းပြည်ပ အဖျက်အင်အားစုတို့၏ အချင်းချင်းမုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးနေခြင်း၊ ကျဉ်း မြောင်းသည့် လူမျိုးရေးအယူဝါဒ သွတ်သွင်းပေးနေခြင်းတို့ကို သတိပြုကာကွယ်ကြရန် လိုအပ်ပါသည်။

 

အပြုနှင့်အဖျက်တို့မှ ဖြစ်ပေါ်လာသည့် အကျိုးနှင့်အပြစ်၊ အဆိုးနှင့်အကောင်းတို့ကို ဆင်ခြင်သုံးသပ်ပြီး အမှန်နှင့် အမှားကို ခွဲခြားရှုမြင်ကြရန်လိုအပ်မည်ဖြစ်ကြောင်း ပြောသည်။

 

တိုင်းရင်းသားဒေသများ၊ မြို့ပြနှင့်အလှမ်းဝေးသော ကျေးလက်များတွင် ဘာသာစကားအခက်အခဲများ၊ ပညာရေးအားပေးမှု အားနည်းချက်နှင့် အခြားသောစိန်ခေါ်မှုများကြောင့် ပညာရည်နိမ့်ကျမှုများ၊ ပညာ မသင်ယူနိုင်မှုများရှိနေသည်ကို တွေ့ရပါသည်။ ယခုအခါချင်းပြည်နယ်အပါအဝင် ဒေသအချို့တွင် လက် နက်ကိုင်အကြမ်းဖက်မှုများ၊ နှောင့်ယှက်ဖျက်ဆီးမှုများ၊ ခြိမ်းခြောက်မှုများကြောင့် ကျောင်းများဖွင့်လှစ်နိုင်ခြင်း မရှိသဖြင့် ဒေသခံတိုင်းရင်းသား ကျောင်းသားကျောင်းသူများ များစွာနစ်နာ ဆုံးရှုံးလျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက် ဖြစ်ပါသည်။ ယခုကဲ့သို့ အဖျက်အမှောင့် နှောင့်ယှက်ဖျက်ဆီးမှုများဖြင့် ပညာရေးကိုဟန့်တားပြီး နိမ့်ကျအောင် လုပ်ဆောင်နေသည်များကို အားလုံးက ဝိုင်းဝန်းဆန့်ကျင်တားဆီးကြရမည်ဖြစ်ပါသည်။ အနာဂတ်လူငယ်များ ပညာရည်မြင့်မားရေး၊ အမျိုးသားရေးစရိုက် လက္ခဏာများ ထိန်းသိမ်းနိုင်ရေးနှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီရင်ပေါင်တန်းနိုင်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် နိုင်ငံတော်က ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသလို တိုင်းရင်းသားပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းဖြင့် ပြောသည်။

 

#PeopleMedia


Share this post