• Follow Us on

Home လက်နက်ဝယ်ယူရာမှာ offset policy ထည့်သွင်းသွားဖို့ ဝန်ကြီးချုပ်ဆရက်ထာပြော

လက်နက်ဝယ်ယူရာမှာ offset policy ထည့်သွင်းသွားဖို့ ဝန်ကြီးချုပ်ဆရက်ထာပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၂၆

 

စစ်လက်နက်ပစ္စည်းတွေဝယ်ယူရာမှာ ထိုင်းတပ်မတော်အနေနဲ့ offset policy ခေါ် “အပြန်အလှန်အကျိုးဖြစ် ထွန်းမှု မူဝါဒတစ်ရပ်” ကို ထည့်သွင်းသွားဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်က ပြောကြား လိုက်ပါတယ်။

 

ဒီမူဝါဒအရ စစ်လက်နက်ပစ္စည်းဝယ်ယူမှုစာချုပ်သစ်ချုပ်ဆိုတဲ့အခါ နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရရှိ သင့်ကြောင်း ၎င်းက ပြောပါတယ်။

 

တပ်မတော်ကို စစ်လက်နက်ပစ္စည်းအသစ်ထောက်ပံ့ဖို့အတွက် ရွေးချယ်ထားတဲ့နိုင်ငံရဲ့ စစ်လက်နက်ပစ္စည်း နည်းပညာသစ် ဒီဇိုင်းရေးဆွဲထုတ်လုပ်ရာမှာ ထိုင်းနိုင်ငံအတွက် ပါဝင်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတစ်ရပ် ရရှိဖို့ ဒီမူဝါဒထဲမှာ ထည့်သွင်းသွားမှာဖြစ်ပါတယ်။

 

ထိုင်းအစိုးရအနေနဲ့ SAAB Gripen ဂျက်တိုက်လေယာဉ် ၁၂ စင်း ဝယ်ယူနိုင်ဖွယ်ရှိတဲ့ အခြေအနေနဲ့ပတ်သက် ပြီး ဆွီဒင် SEB ဘဏ်နဲ့ Saab AB စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ မားကက်စ်ဝါးလင်းဘာ့ဂျ်နဲ့ တနင်္လာနေ့ကတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း မစ္စတာဆရက်ထာက ပြောပါတယ်။

 

ဝန်ကြီးချုပ်က “ထိုင်းအစိုးရရဲ့ offset policy ကို မစ္စတာ ဝါးလင်းဘာ့ဂျ်ကို ရှင်းပြခဲ့ပြီး ဆွီဒင်ကုမ္ပဏီရဲ့ ဂျက် တိုက်လေယာဉ်နည်းပညာ ဒီဇိုင်းရေးဆွဲထုတ်လုပ်မှုကို ထိုင်းနိုင်ငံထဲမှာ အခြေစိုက်ဆောင်ရွက်စေလိုကြောင်း” ပြောဆိုခဲ့ပါတယ်။

 

မစ္စတာဆရက်ထာက “၎င်းအနေနဲ့ SAAB Gripen ဂျက်တိုက်လေယာဉ် တပ်ဆင်တဲ့စက်ရုံ၊ လေယာဉ်ပစ္စည်း အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့စက်ရုံ ဒါမှမဟုတ် လေယာဉ်ပြင်ဆင်ရေးအလုပ်ရုံ” ကို ထိုင်းနိုင်ငံထဲမှာ လာ ရောက်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေကြောင်း ထပ်မံရှင်းပြပါတယ်။

 

မစ္စတာဝါးလင်းဘာ့ဂျ်ရဲ့ ကြီးကြပ်အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဆွီဒင်ကုမ္ပဏီတွေရဲ့ထုတ်လုပ်မှုဟာ ဆွီဒင်နိုင်ငံ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ရဲ့ ၄၀% အထိ ရှိကြောင်း မစ္စတာဆရက်ထာက ပြောပါတယ်။

 

ဆွစ်ဇာလန်နိုင်ငံ ဒါဗိုစ်မြို့မှာ ကျင်းပမယ့် လာမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ထိုင်းနိုင်ငံနဲ့ ဆွီဒင်နိုင်ငံတို့ ဘေးပန်း အစည်းအဝေးတစ်ခု ကျင်းပသွားဖို့ အကြံပြုခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

အဲဒီအစည်းအဝေးမှာ နယ်ပယ်စုံက နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဆွီဒင်ကုမ္ပဏီ တွေနဲ့ ပိုပြီး ထဲထဲဝင်ဝင် ဆွေးနွေးသွားခွင့်ရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဂျက်တိုက်လေယာဉ်သစ်တွေဝယ်ယူရာမှာ ဘယ်လိုမိုဒယ်လ်မျိုးကို ဘယ်နိုင်ငံက ဝယ်ယူမလဲဆိုတာ ဆုံးဖြတ် ဖို့ ကာကွယ်ရေးဝန်ကြီးဌာရဲ့တာဝန်ဖြစ်တာကြောင့် ဂျက်တိုက်လေယာဉ်သစ်ဝယ်ယူဖို့အတွက် တော်ဝင်ထိုင်း လေတပ်ရဲ့အစီအစဉ်အသေးစိတ်ကို တနင်္လာနေ့က အစည်းအဝေးမှာ ၎င်းအနေနဲ့ အသေးစိတ်ထည့် သွင်းပြော ဆိုသွားခြင်းမရှိကြောင်း မစ္စတာဆရက်ထာက ပြောပါတယ်။

 

ထိုင်းလေတပ်က ဆွီဒင်ထုတ်ဂျက်တိုက်လေယာဉ်အစား အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူမယ်ဆိုရင်တောင် offset policy (အပြန်အလှန်အကျိုးဖြစ်ထွန်းမှုမူဝါဒ) ကို အသုံးပြုသွားရမှာဖြစ် ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: PM stresses offset policy in arms deals

 

#PeopleMedia


Share this post