• Follow Us on
Latest News

Home လက်ပန်လှရဲစခန်းကို PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိ

လက်ပန်လှရဲစခန်းကို PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ မေ ၁၆

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရဲစခန်းသို့ PDF အဖွဲ့ဝင်များသည် ဒရုန်းနှစ်စီးဖြင့် ဗုံးသီးများ ပစ်ချတိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

မေလ (၁၄)ရက် နေ့လယ် (၁၁)နာရီ (၅၀)မိနစ်အချိန်က PDF အဖွဲ့ဝင်များ ပစ်ချတိုက်ခိုက်ခဲ့သည့် ဒရုန်းဗုံးသီး တစ်လုံးသည် ရဲစခန်းရှေ့ ခြံဝန်းအပြင်ဘက် အထည်ဆိုင်ဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အထည်ရောင်းချနေ သည့် အသက် (၁၄)နှစ်အရွယ် မဟေမာလှိုင်တွင် ဝဲဘက်မျက်ခုံးအပေါ် ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ နှာတံပွန်းပဲ့ ဒဏ်ရာ (၁)ချက်၊ ဝဲပေါက် ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ဝဲခြေသလုံး ပေါက်ပြဲဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ) ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းနောက် နေ့ခင်း (၁၂)နာရီ (၁၀)မိနစ်အချိန်တွင် PDF အဖွဲ့ဝင်များ ပစ်ချတိုက်ခိုက်ခဲ့သည့် ဒရုန်းဗုံးသီး တစ်လုံးသည် ရဲစခန်း အနောက်တောင်ဘက် စစ်ရေးပြကွင်းနှင့် လိုင်းခန်းကြား ကိုက် (၂၀)အကွာရှိ ကျွန်း စိုက်ခင်းထဲသို့ ကျရောက်ခဲ့သော်လည်း ပေါက်ကွဲမှု မရှိကြောင်းနှင့် အခြား ဒရုန်းဗုံးသီး တစ်လုံးသည် စခန်းမှူး ရုံးခန်းအမိုးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အမိုးသွပ် (၃)လက်မပတ်လည် ပေါက်ပြဲသွားကြောင်း သိရသည်။

 

ယင်းအပြင် PDF အဖွဲ့ဝင်များသည် နေ့ခင်း (၁၂)နာရီခွဲအချိန်တွင် ဒရုန်းဖြင့် ဗုံးသီးပစ်ချကာ ထပ်မံ တိုက်ခိုက်ခဲ့ သဖြင့် လက်ပန်လှရဲစခန်း ရှေ့ဝင်ပေါက် တံခါးမကြီးရှေ့ရှိ စစ်ရေးပြကွင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ တုန်ခါမှုကြောင့် ရဲစခန်း လက်နက်ကုတ် တံခါးမ ပြုတ်ထွက်သွားခဲ့ပြီး ရဲစခန်းအတွင်းရှိ ရဲတပ်သား လှိုင်လှိုင် ထွေးတွင် ဗုံးစထိမှန်၍ ယာခြေသလုံး ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ဝဲခြေဖဝါး ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ယာပေါင် ဒူးဆစ်အထက် ပေါက်ပြဲဒဏ်ရာ (၁)ချက် စသည့် မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းနောက်တွင် (၁၂)နာရီ (၃၅)မိနစ်အချိန်က PDF အဖွဲ့ဝင်များ၏ ဒရုန်းဗုံးသီးတစ်လုံးသည် လက်ပန်လှ ရဲစခန်းရှေ့ စစ်ရေးပြကွင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးစထိမှန်မှုကြောင့် ရဲစခန်း ပြတင်းတံခါးမှန်များ ကွဲပျက်သွားကြောင်း သိရသည်။

 

၎င်းနောက်တွင် PDF အဖွဲ့ဝင်များ၏ ဒရုန်း နှစ်စီးသည် လက်ပန်လှရဲစခန်း၏ အရှေ့တောင်ဘက် (၃)မိုင်ခန့် အကွာ လက်ပန်လှကျေးရွာအုပ်စု မိုးကောင်းကြီးတောတိုက်ဘက်သို့ ပြန်လည်ဆုတ်ခွါ ပျံသန်းသွားခဲ့ ကြောင်းနှင့် ဒဏ်ရာရရှိသူများကို စဉ့်ကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

#PeopleMedia


Share this post