• Follow Us on

Home လက်ပံတန်းမြို့တွင် အမျိုးသားတစ်ဦး နေအိမ်၌ သေနတ်ပစ်ခံရ၍ သေဆုံး

လက်ပံတန်းမြို့တွင် အမျိုးသားတစ်ဦး နေအိမ်၌ သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ မတ် ၄

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ ထန်းပင်ချောင်းကျေးရွာတွင် နေထိုင်သည့် အမျိုးသား တစ်ဦး နေအိမ်၌ သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

မတ်လ ၁ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် PDF များမှ ထန်းပင်ချောင်းကျေးရွာတွင် နေထိုင်သည့် ဦးဝင်းအောင် ၏ နေအိမ်သို့ရောက်ရှိလာပြီး ထိုနေအိမ်အတွင်းရှိနေသည့် ဦးဝင်းအောင်ကို “ဒလန်” ဟု ပြောပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရသည့် အသက် (၅၂) နှစ်အရွယ် ဦးဝင်းအောင်မှာ ကျည်ထိဒဏ်ရာများရရှိ၍ သေဆုံးသွား ကြောင်း သိရသည်။

 

ပြီးခဲ့သည့်နှစ်ကလည်း လက်ပံတန်းမြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွား သည့် ဖြစ်စဉ်များရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post