• Follow Us on
Latest News

Home လက်ပံတန်းမြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

လက်ပံတန်းမြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၂

 

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ရိုးမပတ်လမ်း သရက်ချောင်း (အရှေ့) ဘက်တွင်တွင် အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

နိုဝင်ဘာလ ၂၂ ရက် နေ့လည် ၁၂:၄၀ အချိန်တွင် ဝါးရုံပင်ဇင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးမှာ ထိုကျေးရွာမှ ရိုးမပတ်လမ်း သရက်ချောင်း (အရှေ့) ဘက်တွင်သို့ မော်တော်ဆိုင်ကယ်မောင်းနှင်သူနှင့်အတူသွားစဉ် PDF များမှ ထိုအုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

“တစ်ခြားရွာကို အဖော်တစ်ယောက်နဲ့ သွားတာ။ လမ်းမှာ အပစ်ခံရတာ။ ဆိုင်ကယ်မောင်းတဲ့သူကတော့ မသေဘူး။ နောက်ကထိုင်လိုက်လာတဲ့ အုပ်ကြီးကတော့ သေသွားတယ်။ သေနတ်ပစ်ခံရတာ (၃) ချက်လောက်ရှိတယ်” လို့ လက်ပံတန်းမြို့မှ တာဝန်ရှိသူတစ်ဦးမှ သိရပါတယ်။

 

ထို PDF များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ဝါးရုံပင်ဇင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး အသက် (၅၉) နှစ်အရွယ် ဦးဝင်းမြင့် ဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post