• Follow Us on
Latest News

Home လက်ပံတန်းမြို့နယ်တွင် ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ ဘယ်ရီဂိတ် ဗုံးခွဲခံရ

လက်ပံတန်းမြို့နယ်တွင် ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ ဘယ်ရီဂိတ် ဗုံးခွဲခံရ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ ဘယ်ရီဂိတ်ကို PDF အဖွဲ့ဝင်များမှ ဗုံးခွဲခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ (၁၃) ရက် ည (၈) နာရီကျော်က ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ ဘယ်ရီဂိတ်ကို PDF အဖွဲ့ဝင်များက ဗုံးခွဲခဲ့ခြင်း ဖြစ်ပြီး ဘယ်ရီဂိတ်အတားအဆီးများ ပျက်စီးသွားကြောင်း သိရသည်။

 

အဆိုပါ ဘယ်ရီဂိတ်ကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPN-PDF အဖွဲ့က ဗုံးခွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ဗုံးသုံးလုံးခွဲရာတွင် တစ်လုံးသာပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post