• Follow Us on

Home လက်ပံတန်းမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

လက်ပံတန်းမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃

 

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးနိုင် ယမန်နေ့ နံနက်အစောပိုင်းအချိန်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဌေးနိုင် (၄၇) နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမားများ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ သဖြင့် ဦးဌေးနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ နေရာ၌ပင် သေဆုံးခဲ့ကြောင်းသိရသည်။

 

ပျဉ်းကတိုးကုန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်အား ရွှေတန်းမြေ PDF အကြမ်းအဖွဲ့မှ လာရောက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post