• Follow Us on
Latest News

Home လက်ဖက်ရည်သောက်နေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိ

လက်ဖက်ရည်သောက်နေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ သိရိဟေမာအနောက်ရပ်ကွက်၊ အကွက် ၂၃၆ ရှိ “ဦးဖိုးညို ကဖေးဆိုင်” တွင် လက်ဖက်ရည်သောက်နေသည့် အမျိုးသားတစ်ဦးကို PDF များမှ သေနတ် ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ဇူလှိုင်လ ၁၃ ရက် ညနေ ၄:၄၀ အချိန်တွင် PDF နှစ်ဦးမှ “ဦးဖိုးညို ကဖေးဆိုင်” အရှေ့သို့ရောက်ရှိလာပြီး ထို လက်ဖက်ရည်ဆိုင်ထဲတွင် လက်ဖက်ရည်သောက်နေသည့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သွား ကြောင်း သိရသည်။

 

ထိုပစ်ခတ်ခံရသည့် အမျိုးသားမှာ အသက် (၇၃) နှစ်အရွယ်ရှိပြီး PDF များ၏ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသည် များမှာ ဘယ်ဘက်နှင့် ညာဘက်လက်ပြင်တို့တွင် မစိုးရိမ်ရသည့် ဒဏ်ရာများရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post