• Follow Us on

Home လက်ဖက်ရည်သောက်နေသူများကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်ရာ (၂) ဦး သေ၊ (၃) ဦး ဒဏ်ရာရ

လက်ဖက်ရည်သောက်နေသူများကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်ရာ (၂) ဦး သေ၊ (၃) ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ သြဂုတ် ၉

 

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့၊ အစင်ကျေးရွာ၊ နယ်မြေ (၄) ရှိ “ဦးချစ်ဆွေ” လက်ဖက်ရည်ဆိုင်တွင် လက်ဖက် ရည်သောက်နေသည့် အမျိုးသားများကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်ရာ အမျိုးသား (၂) ဦး သေပြီး (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယနေ့နံနက် ၈ နာရီကျော်တွင် လက်နက်များကိုင်ဆောင်လာသည့် PDF (၂) ဦးမှ မော်တော်ဆိုင်ကယ်ဖြင့် “ဦးချစ်ဆွေ” လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာပြီး ထိုဆိုင်အတွင်း လက်ဖက်ရည်သောက်နေသူများကို သေ နတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးယဉ်ဝေနှင့် ဦးအောင်သိန်းတို့မှာ အခင်းနေရာတွင် သေဆုံးပြီး ကျန် (၃) ဦးမှာ ဒဏ်ရာများရရှိပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post