• Follow Us on

Home လက်ဘနွန်နိုင်ငံထဲက ဒုံးကျည်ပစ်တဲ့နေရာကို အစ္စရေးလေကြောင်းက လက်တုံ့ပြန်တိုက်ခိုက်

လက်ဘနွန်နိုင်ငံထဲက ဒုံးကျည်ပစ်တဲ့နေရာကို အစ္စရေးလေကြောင်းက လက်တုံ့ပြန်တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၆

 

လက်ဘနွန်နိုင်ငံထဲကနေ အစ္စရေးလေယာဉ်ကို ဒုံးကျည်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အဲဒီပစ် မှတ်ကို အစ္စရေးလေတပ်က တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ဗုဒ္ဓဟူးနေ့ညနေပိုင်းက ပြောကြားလိုက်ပါ တယ်။

 

“အစ္စရေးဒရုန်းတစ်စင်းကို လက်ဘနွန်ဘက်က ဒုံးကျည်တစ်စင်းနဲ့ပစ်ခတ်လိုက်တဲ့အခါ အစ္စရေးလေကြောင်း ရန်ကာကွယ်ရေးတပ်ဖွဲ့က ချက်ချင်း ကြားဖြတ်ပစ်ချနိုင်ခဲ့ပါတယ်။ လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဂျက်တိုက် လေယာဉ်က အဲဒီဒုံးကျည်ပစ်လွှတ်လိုက်တဲ့နေရာကို တိုက်ခိုက်ခဲ့ပါတယ်။” လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တိုက်ခိုက်မှုတွေစတင်ကတည်းက အစ္စရေးနိုင်ငံဟာ လက်ဘနွန် နိုင်ငံတောင်ပိုင်းမှာရှိတဲ့ အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုဖြစ်တဲ့ ဟစ်ဘိုလာအဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြ ပါတယ်။

 

ဒါ့အပြင် ဆီးရီးယားနိုင်ငံထဲကနေ အစ္စရေးနိုင်ငံကို ဒုံးကျည်တွေနဲ့ပစ်ခတ်နေတဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်တပ်ဟာ ဗုဒ္ဓဟူးနေ့အစောပိုင်းက ဆီးရီးယားနိုင်ငံထဲက ပစ်မှတ်တွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

 

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားအစိုးရပိုင်မီဒီ ယာက ကြေညာခဲ့ပါတယ်။

 

အစ္စရေးနိုင်ငံအနေနဲ့ ဟားမတ်စ်စစ်သွေးကြွအဖွဲ့နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ အခုလို ဘက်ဘနွန်၊ ဆီးရီးယား နိုင်ငံတွေနဲ့ပါတိုက်ခိုက်နေရတဲ့အတွက် အဲဒီအပြန်အလှန်ပစ်ခတ်မှုတွေကတစ်ဆင့် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲ ကိုကျော်လွန်ပြီး စစ်ပွဲပိုမိုကျယ်ပြန့်လာမှာကို ကမ္ဘာ့ခေါင်းဆောင်တွေက စိုးရိမ်နေကြပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့ရဲ့အငိုက်ဖမ်းတိုက်ခိုက်မှုကို ခံလိုက်ရတဲ့အတွက် အစ္စရေးလူမျိုး ၁၄၀၀ သေဆုံးခဲ့တာကို လက်တုံ့ ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို အဆက်မပြတ်ဗုံးကြဲတိုက်ခိုက် လျက် ရှိရာ အခုအချိန်အထိ ပါလက်စ တိုင်းလူမျိုး ၆၅၀၀ ကျော်သေဆုံးသွားပြီဖြစ်ပါတယ်။

 

ဟားမတ်စ်တွေရဲ့လက်ထဲမှာ ဓားစာခံ ၂၀၀ ကျော်လည်း ရှိနေပါသေးတယ်။

 

Ref: Israel Struck Lebanon in Retaliation for Missile Launch: Military

 

#PeopleMedia


Share this post