လက်ဘနွန်နိုင်ငံအတွက် သံချပ်ကာယာဉ်အများအပြား ပြင်သစ်ထောက်ပံ့မည်
PUBLISHED - November 11, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၁
လက်ဘနွန်စစ်တပ်ကင်းလှည့်တာဝန်ထမ်းဆောင်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် သံချပ်ကာယာဉ်တွေ ကို ပြင်သစ်အစိုးရက ပေးပို့သွားမှာဖြစ်ကြောင်း The Defense Post မှာရေးသားဖော်ပြထားပါတယ်။
လက်ဘနွန်နိုင်ငံအနေနဲ့ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတာဝန်ထမ်း ဆောင်နိုင်ဖို့အတွက် လက်ဘနွန်တပ်မတော်ရဲ့စွမ်းရည်ကို ပြင်သစ်နိုင်ငံက မြှင့်တင်ပေးတဲ့အစိတ်အပိုင်းတစ် ရပ်အနေနဲ့ အခုလိုသံချပ်ကာယာဉ်တွေကို လှူဒန်းသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့လက ဘက်ဘနွန်နိုင်ငံကိုရောက် ရှိခဲ့တဲ့ ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဆီဘက်ဆညာလီကွန်နျူ (Sebastien Lecornu) က ပြောပါတယ်။
လက်ရှိအခြေအနေအရ အခက်အခဲတွေ ဘယ်လိုပဲရှိရှိ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတစ်ခုဖြစ်တဲ့ လက်ဘနွန် နိုင်ငံကို ရေရှည်ထောက်ပံ့သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ “တပ်ဖွဲ့ဝင်တွေ သယ်ယူပို့ဆောင်ဖို့နဲ့ ကင်းလှည့်ရာမှာအသုံးပြုဖို့အတွက် သံချပ်ကာယာဉ်တွေကို ကျွန်တော်တို့ ရဲ့ မိတ်ဖက်နိုင်ငံကို ထောက်ပံသွား မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ပြင်သစ်လက်နက်တိုက်ထဲမှာရှိတဲ့ ဘယ်လိုသံချပ်ကာအမျိုးအစားတွေကို ထောက်ပံ့ပေးပို့သွားမယ်ဆိုတာကို တော့ လီကွန်နျူက အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။
ဒါပေမဲ့ ပြင်သစ်အစိုးရအနေနဲ့ လက်ဘနွန်နိုင်ငံအတွက် ဆေးဝါးတွေထောက်ပံ့ပေးသွားဦးမှာဖြစ်သလို လက် ဘနွန်တပ်မတော်အတွက် ဈေးသက်သက်သာသာနဲ့ ကျန်းမာရေးအထောက်အကူပစ္စည်းတွေဝယ်ယူနိုင်အောင် လည်း ပူးတွဲစီမံချက်တစ်ရပ်ရေးဆွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ပြင်သစ်အစိုးရက လက်ဘနွန်စစ်တပ်ကိုထောက်ပံ့မယ့်အကြောင်း ထုတ်ဖော်ပြောကြားနေစဉ်အတွင်းမှာပဲ လက်ဘနွန်စစ်သွေးကြွအုပ်စုဖြစ်တဲ့ ဟစ်ဘိုလာအဖွဲ့အနေနဲ့ အစ္စရေးကို တိုက်ခိုက်တာတွေမလုပ်ဖို့ သတိပေး ခဲ့ပြီးဖြစ်ကြောင်း ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်က ပြောပါတယ်။
အစ္စရေးစစ်တပ်က တိုက်ခိုက်မှုတွေအရှိန်မြှင့်ပြီး စစ်မြေပြင်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေသမျှ ကာ လပတ်လုံး ၎င်းအဖွဲ့က ဂါဇာဒေသမှာ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ဟစ်ဘိုလာခေါင်းဆောင် ဟက် ဆန်နက်စ်ရာလာက နိုဝင်ဘာလ ၃ ရက်နေ့က ပြောပါတယ်။
အီရန်နိုင်ငံ စစ်ပွဲထဲပါဝင်လာမှာကို စိုးရိမ်နေကြတဲ့ကြားထဲက အီရန်နိုင်ငံနဲ့ ၎င်းတို့ထောက်ပံ့ထားတဲ့ စစ်သွေးကြွ အုပ်စုကို တိုက်ရိုက်သတိပေးစကားပြောကြားခဲ့ကြောင်း မကြာသေးခင်ကသွားရောက်ခဲ့တဲ့ အစ္စရေးခရီးစဉ်မှာ မက်ခရွန်က ပြောကြားခဲ့ပါတယ်။
“အီရန်နိုင်ငံ၊ ဟစ်ဘိုလာအဖွဲ့နဲ့ ဟူသီသူပုန်အဖွဲ့ကို ကျွန်တော်သတိပေးပါတယ်။ အစ္စရေးကိုတိုက်ခိုက်ပြီး ပြဿာနာမရှာပါနဲ့။ အဲဒီလို ပြဿနာသွားရှာရင် ဒေသတွင်းထိပ်တိုက်တွေ့ဆုံမှုဖြစ်ပေါ်လာပြီး အဲဒီဒဏ်ကို ခင်ဗျားတို့ ခံစားရမှာဖြစ်ပါတယ်။ အခြေအနေတွေ ပိုဆိုးရွားမလာအောင် ခင်ဗျားတို့ ရှောင်ရှားကြရမှာဖြစ်ပါ တယ်။” လို့ မက်ခရွန်က ပြောပါတယ်။
Ref: France to Provide Dozens of Armored Vehicles to Lebanon
#PeopleMedia