လက်ယာစွန်းဝါဒီတွေရဲ့ ဆူပူအကြမ်းဖက်မှုကြောင့် ဗြိတိန်နိုင်ငံက လူမျိုးရေးခွဲခြားမှုဆန့်ကျင်သူတွေ လမ်းပေါ်ထွက်ဆန္ဒပြ
PUBLISHED - August 8, 2024
နိုင်ငံတကာ၊ သြဂုတ် ၈
မူဆလင်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လူမျိုးရေးခွဲခြားမှုအကြမ်းဖက်ဖြစ်စဉ် တွေ တစ်ပတ်ကျော်ဖြစ်ပွားခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၇ ရက်နေ့) က ဗြိတိန်နိုင်ငံတစ်ဝန်းလမ်းမတွေ ပေါ်မှာ လက်ယာဝါဒီအုပ်စုတွေကို စိန်ခေါ်တဲ့ လူမျိုးရေးခွဲခြားမှုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ စု ရုံးနေကြပါတယ်။
အင်္ဂလန်အနောက်မြောက်ပိုင်း ဆောက်ပို့တ်ြမို့က တေလာဆွစ်ရဲ့ အက/ယောဂသင်တန်းကျောင်းမှာ အမျိုး သမီးကလေးငယ်သုံးဦး ဓားထိုးခံရပြီးနောက် အဲဒီဓားထိုးမှုကျူးလွန်သူဟာ အစ္စလာမ်ဘာသာဝင်ရွှေ့ပြောင်း နေထိုင်သူတစ်ဦးဖြစ်တယ်ဆိုတဲ့ သံသယနဲ့ ပြီးခဲ့တဲ့သီတင်းပတ် အစောပိုင်းကစပြီး အစ္စလာမ်မုန်းတီးရေး အ ခြေပြုတဲ့ ဆူပူအကြမ်းဖက်မှုတွေဖြစ်ပေါ် လာတာဖြစ်ပါတယ်။
မူဆလင်ဆန့်ကျင်ရေး လက်ယာစွန်းဝါဒဆန္ဒပြသူတွေဟာ လူဝင်မှုကြီးကြပ်ရေးစင်တာတွေ၊ ရွှေ့ပြောင်းနေထိုင် သူထောက်ပံ့ရေးစင်တာတွေနဲ့ ဥပဒေအကျိုးဆောင် ကုမ္ပဏီတွေကို ဗုဒ္ဓဟူးနေ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြ တဲ့အတွက် လုပ်ငန်းတော်တော်များများ အစောကြီးပိတ်သိမ်းခဲ့ကြပါတယ်။
လူမျိုးရေးခွဲခြားမှုဆန့်ကျင်သူတွေကတော့ “လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြ” ၊ “လက်ယာစွန်းဝါဒ ရပ်တန့်ပစ်” စတဲ့စာတမ်းတွေ ကိုင်ဆောင်ပြီး လန်ဒန်၊ ဘရစ္စတယ်လ်၊ ဘာမင်ဂန်၊ လစ်ဗာပူးနဲ့ ဟက်စ်တင်းစ်မြို့တွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေထဲမှာ မူဆလင်ဘာသာဝင်တွေ၊ လူမျိုးရေးခွဲခြားမှုဆန့်ကျင်သူတွေ၊ ဖက်ဆစ်စနစ်ဆန့်ကျင်သူ တွေ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ လက်ဝဲအုပ်စု အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ ပါဝင်ကြပါတယ်။
လူတိုင်းလွတ်လပ်စွာ ဆန္ဒပြခွှု့်ရှိပေမဲ့ လူနည်းစုတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ တိုင်းပြည်ကို ချောက်ထဲ ကျအောင်လုပ်တာဖြစ်ကြောင်း လန်ဒန်အရှေ့မြောက်ဘက် ဝေါသမ်စတောမှာနေထိုင်ပြီး ဆန္ဒပြပွဲမှာပါဝင်တဲ့ အ သက် ၆၄ နှစ်အရွယ် သန့်ရှင်းရေးအလုပ်သမား စတက်ဆန်းမက်သောက ပြောပါတယ်။
“လူတိုင်း သူတို့လုပ်ဖို့လိုအပ်တာ လုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်။ ဒါပေမဲ့ သူတို့လုပ်ရမှာက အကြမ်းမဖက်ဘဲ ကိုယ့်ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ဖို့ဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။
ဟက်စ်တင်းစ်မြို့က တန်ပြန်ဆန္ဒပြပွဲမှာပါဝင်လာတဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းက အမျိုးသမီးတစိဦးကတော့ ၎င်းအနေနဲ့ အခုလို လူအုပ်ကြီးကိုမြင်လိုက်ရတာ စိတ်သက်သာရာရကြောင်း ပြောပါတယ်။
“ကျွန်မ ဒီည ဒီဆန္ဒပြပွဲမှာပါဝင်ရမယ်လို့ ခံစားရတယ်။ လူဖြူမဟုတ်တဲ့ ကျွန်မမိတ်ဆွေတချို့အတွက် လူဖြူ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီပွဲမှာပါဝင်ဖို့ ကျွန်မအတွက် အရမ်းလွယ်ကူပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ သွေး စည်းညီညွတ်ကြောင်းပြသဖို့ ဒီနေရာကို ရောက်လာတာပါ။” လို့ အသက် ၃၇ နှစ်အရွယ် ပန်းစိုက်ပျိုးသူ လူစီက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဆူပူအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ရာမှာ ဆန္ဒုပြသူတချို့ဟာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ ဆုံခဲ့တဲ့အပြင် အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံရေးခိုလှုံဖို့ ကြိုးစားနေတဲ့သူတွေ နေထိုင်တဲ့ ဟိုတယ်တွေရဲ့ ပြတင်းပေါက်တွေကို ရိုက်ချိုးဖျက်ဆီးပြီး “တိုင်းပြည်ထဲက ထွက်သွား။ လှေတွေကို လက်မခံ နဲ့။” လို့ အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ကစပြီး အာဏာရလာတဲ့ ရှေ့နေချုပ်ဟောင်းဖြစ်သူ ဗြိတိန်ဝန်ကြီးချုပ် ခီယာစတားမားက တော့ ဆူပူအကြမ်းဖက်ဖျက်ဆီးသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
Ref: Anti-racism protesters sweep Britain after days of far-right riots: South China Morning Post
#PeopleMedia