• Follow Us on
Latest News

Home လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေမှန်များကို နိုင်ငံတကာမှသိရှိစေရေးအတွက် သက်ဆိုင်ရာနိုင်ငံများ အလိုက်ဆောင်ရွက်ကြရန် သံအမတ်များအား နစကဥက္ကဋ္ဌမှာကြား

လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေမှန်များကို နိုင်ငံတကာမှသိရှိစေရေးအတွက် သက်ဆိုင်ရာနိုင်ငံများ အလိုက်ဆောင်ရွက်ကြရန် သံအမတ်များအား နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

 

လက်ရှိဖြစ်ပေါ်နေသည့် ပကတိ အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိစေရေးအတွက် သက်ဆိုင်ရာနိုင်ငံ များအလိုက် ဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က သံအမတ်ကြီးများအား မှာကြားလိုက်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်ပနိုင်ငံများတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ် ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသည် ၎င်းတို့ ထောက်ခံသည့် ပါတီကိုမဲပေးနိုင်သည်ဖြစ်သော်လည်း လုပ်ငန်းတာဝန်ထမ်း ဆောင်မှုအပေါ် သက်ရောက်မှုမရှိစေရန်လိုကြောင်း၊ ပါတီနိုင်ငံရေးနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်မှုကို ကွဲပြားစွာ သိရှိရန်လိုကြောင်း၊ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်း များသည် အစိုးရအတွက်အလုပ်လုပ်ခြင်းမဟုတ်ဘဲ နိုင်ငံ့အတွက်အလုပ်လုပ်ခြင်းဖြစ်သည်ကို နားလည် သဘောပေါက်ရန်လိုကြောင်း ပြောသည်။

 

၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပဋိပက္ခဖြစ်စဉ်များကြောင့် မိမိတို့အပေါ် အရေးယူပိတ်ဆို့မှုများ၊ ဖိအားပေးမှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေမှန်များနှင့် လက်ရှိဖြစ်ပေါ် နေသည့် ပကတိ အခြေအနေမှန်များကို နိုင်ငံတကာမှသိရှိစေရေးအတွက် သက်ဆိုင်ရာနိုင်ငံများ အလိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအပြင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်လည်း အချို့နိုင်ငံကြီးများ၏ မမျှမတ ဖိအားပေးဆက်ဆံမှုများ၊ နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးပိတ်ဆို့မှုများကို ကြုံတွေ့နေရမှုများရှိသဖြင့် နိုင်ငံ့အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ့အကျိုးအတွက် ပြောသင့် ပြောထိုက်သည်များ၊ လုပ်သင့်လုပ်ထိုက်သည်များကို မိမိတို့တွေ့ကြုံနေရသည့်အခြေအနေများ၊ သံတမန် အတွေ့အကြုံများအရ ချိန်ထိုးချင့်ချိန်၍ ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သံတမန်ဝန်ထမ်းများ၏ သဘောတရားမှာ နယ်ပယ်ပေါင်းစုံ၌ ဆက်ဆံမှုတိုးမြှင့်နိုင်ရေးပင်ဖြစ်ပြီး အရေးကြီးသည့်တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ မိမိတို့ လုပ်ဆောင်နိုင်သည့် နယ်ပယ်များအလိုက် လုပ်ဆောင်နိုင်မှုများကို ထိရောက်စွာ အသုံးချ၍ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာအရ ဆက်ဆံမှုတိုးမြှင့်နိုင် ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆက်ဆံမှုတိုးမြှင့်လာပြီး ပုဂ္ဂိုလ်ရေးအရ၊ လုပ်ငန်းသဘောအရ ရင်းနှီးမှုများသည် လုပ်ငန်းတာဝန်များ ကို အောင်မြင်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် လူမျိုးအပေါ် သစ္စာရှိစွာဖြင့် တာဝန်သိစိတ်၊ တိုင်းပြည်ချစ်စိတ်များဖြင့် တာဝန်ထမ်းဆောင်ကြစေလိုကြောင်း ပြောသည်။

 

ပြည်ပရောက် မြန်မာနိုင်ငံသားများသည် မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသားများပင် ဖြစ်သည့်အတွက် ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို တတ်နိုင်သရွေ့ဖြေရှင်း ဆောင်ရွက်ပေးရန်တာဝန်ရှိကြောင်း၊ မြန်မာ နိုင်ငံသားတိုင်းသည် အကြောင်းအမျိုးမျိုး ကြောင့်သာ အခြားနိုင်ငံများသို့ ရောက်ရှိနေရသည်ဖြစ်သော်လည်း မြန်မာနိုင်ငံသားဟူသည့် စိတ်ရှိသည်ဖြစ်သဖြင့် ၎င်းတို့အတွက် အင်အားတစ်ခုရရှိစေရေး၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေရေးအတွက် သံတမန်ဝန်ထမ်းများအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post