• Follow Us on
Latest News

Home လက်ရှိဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအခြေအနေအရ တပ်မတော်(ရေ)သည် တပ်မတော်(ကြည်း)၊ (လေ) တို့နှင့်အတူ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းဆောင်လျက်ရှိကြောင်း ကာကွယ် ရေးဦးစီးချုပ်(ရေ) ပြောကြား

လက်ရှိဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအခြေအနေအရ တပ်မတော်(ရေ)သည် တပ်မတော်(ကြည်း)၊ (လေ) တို့နှင့်အတူ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းဆောင်လျက်ရှိကြောင်း ကာကွယ် ရေးဦးစီးချုပ်(ရေ) ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၆

 

လက်ရှိ ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအခြေအနေအရ တပ်မတော်(ရေ)သည် တပ်မတော်(ကြည်း)၊ တပ်မ တော်(လေ)တို့နှင့်အတူ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်လျက်ရှိကြောင်း ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က ပြောသည်။

 

တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ်(၈၃)၊ တပ်မတော် (ရေ)အရာရှိငယ်(အင်ဂျင်နီ ယာ)သင်တန်းအမှတ်စဉ်(၅၇)နှင့် တပ်မတော်(ရေ)အမျိုးသမီး အရာရှိငယ်သင်တန်းအမှတ်စဉ်(၉) သင်တန်း ဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယမန်နေ့တွင် သန်လျင်တပ်နယ်ရှိရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေး ပြကွင်း၌ကျင်းပခဲ့သည်။

 

ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်(ရေ)အနေဖြင့် နိုင်ငံတော်အား ရှေ့တန်းကျကျကာကွယ်နိုင်ရမည်၊ နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွား များအားကာကွယ်စောင့်ရှောက်နိုင်ရမည်၊ (ကြည်း၊ ရေ၊ လေ) ပူးပေါင်း စစ်ဆင်နိုင်စွမ်းရှိရမည် ဆိုသည့်ရည်မှန်းချက်တာဝန်များထားရှိ၍ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက် သော ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်ရမည် ဟူသောတပ်မတော်၏ ရည်မှန်းချက်တာဝန်များကို တစ်ဖက်တစ် လမ်းမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်(ရေ)ရှိစစ်ရေယာဉ်များဖြင့် ရေပြင် စစ်ဆင်ရေး၊ ရေအောက်စစ်ဆင်ရေး၊ ဝေဟင်စစ်ဆင်ရေးနှင့် အီလက်ထရောနစ် စစ်ဆင်ရေးတို့တွင် အောင် မြင်မှုများရရှိစေရန် ရေယာဉ်တစ်စီးချင်းစီအလိုက်သော်လည်းကောင်း၊ ရေယာဉ်အုပ် အလိုက်သော်လည်း ကောင်း လေ့ကျင့်သည်သာမက နှစ်စဉ်စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise)များကို ၂၀၁၄ ခုနှစ်မှစတင်၍ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

 

ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့်အိမ်နီးချင်းရေတပ်များ၌ ကျင်းပပြုလုပ်ခဲ့သည့် ပင်လယ်ပြင်လေ့ကျင့်ခန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ပင်လယ်ပြင်နယ်နိမိတ် တစ်လျှောက် ပူးတွဲ ကင်းလှည့်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ ဖြစ်ပေါ် လျက်ရှိသည့် နိုင်ငံရေးအခြေအနေအရ တပ်မတော်(ရေ)သည် တပ်မတော်(ကြည်း)၊ တပ်မတော်(လေ)တို့နှင့်အတူ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန် များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီမြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် စစ်ဆင်ရေး၊ စစ်ဘက်သယ်ယူပို့ဆောင်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပေးလျက်ရှိ ကြောင်း၊ ခေတ်သစ်စစ်ပွဲများ၏ သဘောသဘာဝအရ တပ်ဖွဲ့အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ စစ်ဆင်ရေးများ ဆောင်ရွက်မှသာ အောင်ပွဲရရှိမည်ဖြစ်သည့်အတွက် တပ်မတော်(ကြည်းရေ၊လေ) ပါဝင်သည့် ပူးပေါင်းစစ် ဆင်ရေးလေ့ကျင့်ခန်းများတွင် တပ်မတော်(ရေ)အနေဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကာ ကွယ်ရေးဦးစီးချုပ်(ရေ)က ပြောသည်။

 

ကာကွယ်ရေးဦးစီးချုပ်(ရေ)က လက်ရှိ ဖြစ်ပေါ်နေသောနိုင်ငံရေး နှင့်စစ်ရေး အခြေအနေများအရ တပ်မတော် (ရေ) အနေဖြင့် ပင်လယ်ပြင်စစ်ဆင်ရေးသာမက မြစ်တွင်းစစ်ဆင်ရေး(Riverine Operation) များကိုပါ ဆင်နွှဲနေခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သည့် ခေါင်းဆောင်များဖြစ်ကြစေရန် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post