• Follow Us on
Latest News

Home လက်ရှိ ရန်ကုန်တိုင်းအတွင်းရှိ ဆီသိုလှောင်ကန်ကြီးများတွင် ဆီတန်ချိန် ၄၀၀၀၀ ကျော်ရှိ

လက်ရှိ ရန်ကုန်တိုင်းအတွင်းရှိ ဆီသိုလှောင်ကန်ကြီးများတွင် ဆီတန်ချိန် ၄၀၀၀၀ ကျော်ရှိ

Share this post

နေပြည်တော်၊ ဇွန် ၂၄

 

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီသိုလှောင်ကန်ကြီးများတွင် ဆီတန်ချိန် ၄၀၀၀၀ ကျော် ရှိပြီးဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၌ ဆီစားသုံးသူပြည်သူများ အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စီစဉ်ဆောင်ရွက်မှုဖြင့် အင်ဒို နီးရှားနိုင်ငံမှ ထပ်မံတင်သွင်းလာသည့် ဆီတန်ချိန် ၅၃၀၀ ရှိ စားအုန်းဆီတင်သင်္ဘောကြီးသည် ဇွန် ၁၉ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ ကြည့်မြင်တိုင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာပြီး ဆီသိုလှောင်ကန်များအတွင်း စားသုံးဆီများ ဖြည့်တင်းဆောင်ရွက်ကြသည်။

 

“ကျန်းမာရေးနှင့် ညီညွတ်သည့်စားသုံးဆီများကို ပြည်တွင်းမှာ ဖူလုံရေးအတွက် စဉ်ဆက်မပြတ် စီစဉ်ဆောင် ရွက်ပေးနေပါတယ်။ ဖြန့်ဖြူးမှုအနေနဲ့ လက်ရှိတိုင်းနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ စားသုံးသူများရဲ့လိုအပ်ချက် အတိုင်း အနီးစပ်ဆုံးလိုအပ်ချက်ပြည့်မီအောင် ဖြန့်ဖြူးပေးလျက်ရှိပါတယ်။” ဟု မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် ဆီစားသုံးသူပြည်သူများ စိတ်ချမ်းသာစွာ သုံးစွဲနိုင်ရန်အတွက် ဆီတင်သင်္ဘောကြီးများ အဆက်မပြတ် ဝင်ရောက်နိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့နယ်မှ လက်ရှိလူဦးရေ၊ ဝန်ထမ်းအင်အား၊ ဘာသာရေးအဖွဲ့အစည်းများ အပါအဝင် တစ်မြို့နယ်ချင်းအလိုက် သတ်မှတ်ချက်နှင့်အညီ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post