• Follow Us on
Latest News

Home လစ်သူယေးနီးယန်းတပ်မတော်က စစ်သည်တွေအတွက် FPV ဒရုန်းသင်တန်းစတင်ပို့ချ

လစ်သူယေးနီးယန်းတပ်မတော်က စစ်သည်တွေအတွက် FPV ဒရုန်းသင်တန်းစတင်ပို့ချ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂

 

လစ်သူယေးနီးယန်း တပ်မတော်ဟာ ၎င်းတို့တပ်ဖွဲ့ဝင်တွေအတွက် ယူကရိန်းစစ်ပွဲမှာ ကျယ်ကျယ်ပြန့်ပြန့် အ သုံးပြုခဲ့တဲ့ FPV ဒရုန်းသင်တန်းကို စတင်သင်ကြားပို့ချပေးနေပြီဖြစ်ပါတယ်။

 

အခုလအစောပိုင်းမှာစတင်ခဲ့တဲ့ နှစ်ပတ်ကြာသင်တန်းကို သင်တန်းသားစစ်သည် ၁၀ ဦး တက်ရောက်ကြောင်း လစ်သူယေးနီးယန်း ပြည်တွင်းရေဒီယိုနဲ့ ရုပ်သံဌာနက ပြောပါတယ်။

 

သင်တန်းပြီးဆုံးတာနဲ့ အဆိုပါစစ်သည်များဟာ ၎င်းတို့တပ်ရင်းတွေကိုပြန်သွားပြီး တခြားစစ်သည်တွေကို ပြန် လည်သင်ကြားပေးမှာဖြစ်ပါတယ်။

 

“စစ်သည်တွေကို သင်တန်းပေးတာနဲ့ စနစ်သစ်နဲ့ ကျင့်သားရအောင် ပြောင်းလဲခြင်းလုပ်ငန်းစဉ် နှစ်ခုစလုံး အရေးကြီးပါတယ်။ အခြေခံအားဖြင့် ဒီစနစ်ဟာ စစ်သည်တွေအတွက်သာမက တပ်မတော်အတွက်ပါ လက် နက်စနစ်သစ်တစ်ခုဖြစ်ပါတယ်။” လို့ လစ်သူယေးနီးယန်းတပ်မတော်က ဗိုလ်မှူးဆရူးနက်စ်ဆာဗူကိုင်းတစ် စ ကားကိုကိုးကားပြီး သတင်းဌာနက ပြောပါတယ်။

 

“ဒါက တပ်ရင်းတပ်ဖွဲ့ကြီးတွေမှာ သီးသန့်ဒရုန်းတွေနဲ့ အလုပ်မလုပ်ခင် နှစ်နှစ်လောက်အထိ အချိန်ယူရမယ့် လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

FPV ဒရုန်းမှာ အော်ပရေတာ (မြေပြင်ကထိန်းသိမ်းမောင်းနှင်သူ) ကို ဗီဒီယိုသတင်းအချက်အလက် တွေကို ကြိုးမဲ့စနစ်နဲ့ ပြန်လည်ပို့ဆောင်ပေးတဲ့ ဗီဒီယိုကင်မရာတစ်လုံးတပ်ဆင်ထားပါတယ်။

 

ဒီဒရုန်းမှာ ယေဘုယျအားဖြင့် ဗုံးတွေတပ်ဆင်ထားပြီး အဝေးထိန်းစနစ်နဲ့ဖြစ်စေ ပရိုဂမ်ထည့်သွင်းပြီးဖြစ်စေ အ လိုလျောက်ပျံသန်းနိုင်ပါတယ်။

 

သင်တန်းအတွက် အသုံးပြုနေတဲ့ ဒရုန်းတွေဟာ ၄ ကီလိုဂရမ် (၉ ပေါင်) အလေးချိန်ရှိတဲ့ ဗုံးတစ်လုံးသယ် ဆောင်နိုင်ပြီး ၁၀ ကီလိုမီတာ (၆ မိုင်) အကွာအဝေးကနေ ထိန်းကျောင်းမောင်းနှင်နိုင်ပါတယ်။

 

ရုရှားစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ ယူကရိန်းစစ်သည်တွေရဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီး သင်တန်းကို လေ့ ကျင့်သင်ကြားနေတာဖြစ်ပါတယ်။

 

Ref: Lithuanian Military Launches FPV Drone Training Course FPV Drone = ဒရုန်းမှာတပ်ဆင်ထားတဲ့ ကင်မရာကတစ်ဆင့် ထိန်းသိမ်းမောင်းနှင်သူက တိုက်လေယာဉ်မှူး တစ်ဦးလို မြေပြင်ကနေ တိုက်ရိုက်ကြည့်ရှုပြီး လိုအပ်သလို ဆုံးဖြတ်ချက်ချလို့ရတဲ့ဒရုန်း

 

#PeopleMedia


Share this post