လစ်သူယေးနီးယားနိုင်ငံမှာ စစ်လက်နက်ပစ္စည်းစက်ရုံတစ်ရုံဆောက်လုပ်ဖို့ ရိုင်းမီတိုင်းကုမ္ပဏီနဲ့ လစ်သူယေးနီး ယားအစိုးရ ဆွေးနွေးနေ
PUBLISHED - February 1, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁
ဂျာမန်ရိုင်းမီတိုင်းကုမ္ပဏီ (Rheinmetall) ဟာ လစ်သူယေးနီးယားနိုင်ငံထဲမှာ စစ်လက်နက်ပစ္စည်းစက်ရုံ တစ် ရုံဖွင့်လှစ်ဖို့အတွက် လစ်သူယေးနီးယားအစိုးရနဲ့ ဆွေးနွေးနေကြောင်း စီးပွားရေးနဲ့ ဆန်းသစ်တီထွက်မှုဝန်ကြီး ဌာနဝန်ကြီး အော်ရှရီးနားအာရ်မိုနိုက်တာ (Ausrine Armonaite) က ပြောကြားလိုက်ပါတယ်။
အသေးစိတ်ထုတ်ပြန်ကြေညာခြင်းမရှိပေမဲ့ နေတိုးအဖွဲ့ရဲ့ စံကိုက် ၁၅၅ မမ အမြောက်ကျည်တွေထုတ်လုပ်သွား မှာဖြစ်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ရိုင်းမီတိုင်းကုမ္ပဏီရဲ့ ထိပ်တန်းအရာရှိတွေက လစ်သူယေးနီးယားဝန်ကြီးချုုပ် အင်ဂရေတာရှီမိုးညိတယ် (Ingrida Simonyte) နဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက သွားရောက်တွေ့ဆုံခဲ့ပေမဲ့ ဆွေးနွေးတဲ့အကြောင်း အရာတွေကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။
“ရိုင်းမီတိုင်းကုမ္ပဏီနဲ့ လက်ရှိပူးတွဲဆောင်ရွက်နေတဲ့ အမြောက်ကျည် ထုတ်လုပ်မှုနဲ့ ထောက်ပံ့မှုအတွက် ဒုတိယမြောက်သဘောတူညီချက်တစ်ရပ်အနေနဲ့ ယူကရိန်းနိုင်ငံက အနာဂတ်ကာလမှာ ခဲယမ်းထောက်ပံ့မှု တိုးမြှင့်ရရှိဖို့ မျှော်လင့်နိုင်ပါတယ်။” လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယပ်စ်က မကြာသေးခင် က ပြောပါတယ်။
ရိုင်းမီတိုင်းကုမ္ပဏီဟာ ဂျာမနီ၊ စပိန်၊ တောင်အာဖရိကနဲ့ သြစတေးလျနိုင်ငံတွေမှာရှိတဲ့ ၎င်းတို့ ကုမ္ပဏီပိုင်စက် ရုံတွေကနေ အခုနှစ်အတွင်း အမြောက်ကျည် ၇၀၀၀၀၀ အထိ ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး ခဲယမ်းထုတ်လုပ်မှု တိုးမြှင့်ဖို့ စီစဉ်ထားပါတယ်။
ဒါ့အပြင် ဟန်ဂေရီနိုင်ငံရှိ ရိုင်းမီတိုင်းကုမ္ပဏီကလည်း ၂၀၂၆ ခုနှစ်ကစပြီး PzH 2000 ယာဉ်တင်ဟောက်ဝစ်ဇာ အမြောက်အတွက် ၁၅၅ မမ ကျည်တွေနဲ့ Leopard 2 တင့်ကားအတွက် ၁၂၀ မမကျည်တွေကို ထုတ်လုပ်သွား ဖို့ စက်ရုံကို အဆင့်မြှင့်တင်နေတယ်လို့ ဆိုပါတယ်။
အဲဒီစက်ရုံရဲ့ ပထမအဆင့်တည်ဆောက်မှုကို ၂၀၂၃ ခုနှစ်မှာစတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုနှစ်အတွင်း Lynx ခြေလျင်တိုက်ခိုက်ရေးယာဉ်အတွက် ၃၀ မမ စက်အမြောက်ကျည်တွေ ထုတ်လုပ်သွားဖို့ အသင့်ဖြစ်နေ ပြီလို့ ဆိုပါတယ်။
တပြိုင်တည်းမှာပဲ ၂၀၂၅ ခုနှစ်အတွင်း ၁၅၅ မမကျည် အမြောက်အမြားထုတ်လုပ်ပေးဖို့အတွက် ယူကရိန်းနိုင်ငံ က မကြာခင်ကပဲ ရိုင်းမီတိုင်းကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဒေါ်လာ ၁၅၄ သန်း (ယူရိုငွေ ၁၄၂ သန်း) တန်ကြေးရှိ အဲဒီစာချုပ်အရ ၂၀၂၄ ခုနှစ်အတွင်း ကနဦးထုတ်လုပ်မှု အဖြစ် ရိုင်းမီတိုင်းကုမ္ပဏီက အမြောက်ကျည် ၄၀,၀၀၀ ထုတ်လုပ်ပေးပို့သွားရမှာဖြစ်ပါတယ်။
Ref: Rheinmetall Discussing Arms Factory Opening in Lithuania
#PeopleMedia