• Follow Us on

Home လတ်ဗီးယားအစိုးရ ဒေါ်လာ ၂၁ သန်းကျော်အသုံးပြုပြီး သီးသန့်ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းမည်

လတ်ဗီးယားအစိုးရ ဒေါ်လာ ၂၁ သန်းကျော်အသုံးပြုပြီး သီးသန့်ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းမည်

Share this post

နိုင်ငံတကာ၊ မေ ၂၉

 

လတ်ဗီးယားအစိုးရဟာ “ဒရုန်းတပ်ဖွဲ့” တစ်ရပ်ဖွဲ့စည်းတည်ထောင်ဖို့အတွက် ယူရိုငွေ သန်း ၂၀ (ဒေါ်လာ ၂၁.၈ သန်း) အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ဒီကြိုးပမ်းမှုဟာ တပ်မတော်ရဲ့ မောင်းသူမဲ့လေယာဉ်စွမ်းရည်တွေကို အဆင့်မြှင့်တင်ဖို့ လတ်ဗီးယားအစိုးရရဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုကို ထောက်ပံ့သွားမှာဖြစ်သလို ဒေသတွင်းစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး မိတ်ဖက် အဖွ့ဲအစည်းတွေကိုလည်း မြှင့်တင်သွားမှာဖြစ်ပါတယ်။

 

ရန်ပုံငွေတစ်ဝက်လောက်ကို လတ်ဗီးယားကုမ္ပဏီတွေထံက ဒရုန်းတွေ ဝယ်ယူသွားမှာဖြစ်ပြီး ကျန်တဲ့ရန်ပုံငွေ တွေကိုတော့ ဇွန်လမတိုင်ခင် ဆီလီယာမှာ ဒရုန်းသင်တန်းတွေနဲ့ မြေပြင်သင်တန်းတွေအတွက် အသုံးပြုသွား မှာဖြစ်ပါတယ်။

 

ကုမ္ပဏီ ၇ ခုဟာ ဒရုန်းစမ်းသပ်မှုတွေ ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး ဒရုန်းအစင်းရေ ၁၀၀၀ ထုတ်လုပ်ခွင့်ရရှိဖို့ ဆွေး နွေးညှိနှိုင်းခဲ့တယ်လို့ လတ်ဗီးယားကာကွယ်ရေးဝန်ကြီး အန်းဒရီးစ်စပရုဒ်စ်က လတ်ဗီးယားသတင်းဌာန LSM ကို ပြောပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးဌာန၊ ကာနယ်အော်စကာကာလ်ပတ်သက်မွေး ကျောင်းနဲ့ အမျိုးသားလုံခြုံရေးလူငယ်တပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး ဒရုန်းလေသူရဲတွေ မွေးထုတ်ဖို့အတွက် နောက် ထပ်စီမံချက်တွေကို တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်း အန်းဒရီးစ်စပရုဒ်စ်က X လူမှုကွန်ရက်ပေါ်မှာ ရေး သားထားပါတယ်။

 

လတ်ဗီးယားနိုင်ငံကတည်ထောင်မယ့် ဒရုန်းတပ်ဖွဲ့ဟာ ယူကရိန်းအတွက် နိုင်ငံပေါင်းစုံကဒရုန်းတွေထေက်ပံ့ မယ့်အစီအစဉ်ထဲမှာ လတ်ဗီးယားနိုင်ငံကလက်ရှိပါဝင်နေတဲ့ အစီအစဉ်ထဲကနေ သီးခြားခွဲထွက် ဖွဲ့စည်းသွား မယ့် သီးသန့်ဒရုန်းတပ်ဖွဲ့ဖြစ်ကြောင်း စပရုဒ်စ်က ပြောပါတယ်။

 

ဒါ့အပြင် လတ်ဗီးယားသီးသန့်ဒရုန်းတပ်ဖွဲ့ဟာ နယ်စပ်ဒေသတွေကိုကာကွယ်ဖို့အတွက် ဘော်လတစ်နိုင်ငံတွေ နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတချို့ ပူးပေါင်းထားတဲ့ “ဒရုန်းနံရံ” အစီအစဉ်နဲ့လည်း မပတ်သက်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ လတ်ဗီးယားအစိုးရအနေနဲ့ ယူကရိန်းတပ်မတော်အတွက် လိုအပ်တဲ့ဒရုန်းတွေ ထောက်ပံ့တဲ့နေရာမှာ လည်း ထည့်ဝင်သွားဖို့ လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။

 

Ref: Latvia Allocates $21M for ‘Drone Army’ Development

 

#PeopleMedia


Share this post