လပွတ္တာမြို့နယ်၌ ဆရာ/ဆရာမများ လိုက်ပါလာသည့် ခရီးသည်ယာဉ်သည် သစ်ပင်ကို ဝင်တိုက်မိရာ ကျောင်း ဆရာ ၂ ဦးနှင့် ယာဉ်အကူတစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

PUBLISHED - December 9, 2021
လပွတ္တာ၊ ဒီဇင်ဘာ ၉ (People Media)
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ ရန်ကုန်-လပွတ္တာ ပြေးဆွဲနေသော မော်တော်ယာဉ်တစ်စီးသည် သစ်ပင်ကို ဝင်တိုက်မိရာ ယာဉ်အကူတစ်ဦးနှင့် ကျောင်းဆရာတစ်ဦး ၂ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်မှ လပွတ္တာမြို့သို့ ထွက်ခွာလာသည့် မော်တော်ယာဉ်သည် လပွတ္တာမြို့ မြသန်းတန်ဘုရား ၃ မိုင်အနီးအရောက်တွင် မလေးရှားပိတောက်ပင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
“သေတာကတော့ ၂ နှစ်ယောက်သေပါတယ်။ ကျန်တဲ့သူတွေကတော့ ပွန်းပဲ့ရုံလောက်ပဲ ဒဏ်ရာရရှိပါတယ်။ ကျောင်းဆရာ ဆရာမတွေပါတယ်ဆိုတာကလည်း ကျောင်းဆင်းချိန်ဖြစ်တဲ့အတွက် လမ်းမှာရှိတဲ့ ကျောင်းဆရာ ဆရာမတွေကို လမ်းကြုံခေါ်လာတာပါ သေတဲ့အထဲမှာတော့ ကျောင်းဆရာတစ်ဦးပါသွားတယ်” ဟု ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိတွင် ဒဏ်ရာရရှိသည့် ကျောင်းဆရာ/ဆရာမများကိုလည်း လပွတ္တာမြို့ ၃ မိုင် ပြည်သူ့ဆေးရုံကြီး (ကုတင် ၂၀၀) တွင် တင်ပို့ကုသထားရကြောင်း သိရပါတယ်။
#PeopleMedia #လပွတ္တာမြို့ #ကျောင်းဆရာ #ယာဉ်တိုက်မှု
(unicode)
……………………………………………………
လပှတ်တာ၊ ဒီဇငျဘာ ၉ (People Media)