• Follow Us on
Latest News

Home လပွတ္တာမြို့တွင် ချစ်သူမိန်းကလေးကို ချစ်သူကောင်လေးအပါအဝင် ၎င်း၏ သူငယ်ချင်းအမျိုးသားတစ်စုမှ အလိုမတူဘဲ သားမယားပြုကျင့်

လပွတ္တာမြို့တွင် ချစ်သူမိန်းကလေးကို ချစ်သူကောင်လေးအပါအဝင် ၎င်း၏ သူငယ်ချင်းအမျိုးသားတစ်စုမှ အလိုမတူဘဲ သားမယားပြုကျင့်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အောင်လှကျေးရွာတွင် ချစ်သူရည်းစားချိန်တွေ့ရာမှ ချစ်သူမိန်းကလေးတစ်ယောက်ကို ချစ်သူကောင်လေးအပါအဝင် ၎င်း၏သူငယ်ချင်းအမျိုးသားတစ်စုမှ အလိုမတူ ဘဲ ထိုမိန်းကလေးကို သားမယားပြုကျင့်၍ ရေနစ်ပြီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

အဒေါ်ဖြစ်သူမှ သားမယားပြုကျင့်ခံရသည့် တူမဖြစ်သူသေဆုံးသည်မှာ ဓမ္မတာအတိုင်းသေဆုံးခြင်းမဟုတ် ကြောင့် လပွတ္တာမြို့နယ် (၃)မိုင်နယ်မြေ ရဲစခန်း၌ ကျူးလွန်ခံရသူ၏ အဒေါ်ဖြစ်သူမှ တူမဖြစ်သူမှာ ၎င်း၏ ချစ်သူဖြစ်သူနှင့် ချိန်းတွေ့ပြီးနေအိမ်သို့ ပြန်ရောက်လာခြင်းမရှိဘဲ နံနက်ခင်းအချိန်တွင် ရုပ်အလောင်းသာ တွေ့သောကြောင့် တာဝန်ရှိရဲတပ်ဖွဲ့များထံ တိုင်းတန်းခဲ့ကြောင်း သိရသည်။

 

မကြာသေးမီရက်ပိုင်းက အောင်လှကျေးရွာတွင် နေထိုင်သည့် ချစ်သူမိန်းကလေးကို ၎င်း၏ချစ်သူဖြစ်သူမှ ညခင်း (၈) နာရီအချိန်တွင် ချိန်းဆိုသောကြောင့် သွားရောက်တွေ့ဆုံရာတွင် ထိုချစ်သူမိန်းကလေး တစ်ယော က်ကို အလိုမတူဘဲ ချစ်သူအမျိုးသားအပါအဝင် ၎င်း၏သူငယ်ချင်းအမျိုးသားများမှ ဝိုင်းဝန်း၍ သားမယားပြု ကျင့်ပြီး ထိုချစ်သူကောင်မိန်းကလေး၏ နားကပ်နှင့်ဖုန်းတို့ ယူဆောင်ပြီး အနီးအနားရှိ ချောင်းထဲ၌ ရေနစ်ပြီးသတ်ဖြတ်လိုက်ကြောင်း ကျူးလွန်သူများမှ ထွက်ဆိုခဲ့သည်။

 

ကျူးလွန်သည့် ချစ်သူဖြစ်သူ၏ ထွက်ဆိုချက်အရ ကရင်(ခ)နိုင်မင်းဦး၊ ၎င်း၏သူငယ်ချင်းများမှာ တင်ထွေး (ခ)ကလေး ၊မျိုးမင်း ၊စိုးမင်း၊ ဝေလင်းတို့မှ သားမယားပြုကျင့်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် (၃) ဦးကို ဖမ်းဆီးရမိကြောင်း ၎င်းတို့ကို လပွတ္တာမြို့နယ်(၃)မိုင်နယ်မြေ ရဲစခန်း၌ ဖမ်းဆီးထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post