• Follow Us on

Home လပွတ္တာမြို့တွင် မသန်စွမ်းအမျိုးသမီးတစ်ဦးအား အလိုမတူဘဲ အမျိုးသားနှစ်ဦးမှ သားမယားပြုကျင့်

လပွတ္တာမြို့တွင် မသန်စွမ်းအမျိုးသမီးတစ်ဦးအား အလိုမတူဘဲ အမျိုးသားနှစ်ဦးမှ သားမယားပြုကျင့်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အုန်းတပင်အုပ်စု၊ အောင်နိုင်ကျေးရွာတွင်နေထိုင်သည့် မသန်စွမ်းအမျိုးသမီးတစ်ဦးကို အလိုမတူဘဲ အမျိုးသားနှစ်ဦးမှ သားမယားပြုကျင့်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လွန်ခဲ့သော (၃) လပိုင်းက အောင်နိုင်ကျေးရွာတွင် နေသည့် မသန်စွမ်းအမျိုးသမီးတစ်ဦးကို တစ်ရွာ ထဲနေအမျိုးသားတစ်ဦးဖြစ်သည့် သံလုံးဆိုသူမှ အလိုမတူဘဲသားမယားပြုကျင့်ခဲ့ကြောင်း၊ ဆက်လက်၍ သံလုံး ဖြစ်သူမှဌေးလွင်အား အရက်အတူတူသောက်ရင်း သံလုံးမှ ဌေးလွင်ကိုပြောပြပြီး ထိုမသန်စွမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ရန်ပြောခဲ့ကြောင်း သိရသည်။

 

ထို့နောက် ဌေးလွင်မှ မသန်စွမ်းအမျိုးသမီး၏ နေအိမ်၌ မိဘများမရှိချိန် ရေသောက်ချင်သောကြောင့် ရေခက် ပေးရန်ပြောပြီး ထိုမိန်းကလေးကို အဓမ္မပြုကျင်ခဲ့ပြီးနောက် ထိုကျေးရွာရှိ ဘုန်းတော်ကြီးသို့ မသန်စွမ်းမိန်း ကလေးမှာ ၎င်း၏ညီမဖြစ်သူနှင့်အတူ ဓမ္မစကြာရွက်ဖက်ရန်သွားရာမှ ထိုနေရာသို့ ဌေးလွင်မှ လိုက်လာပြီး မသန်စွမ်းမိန်းကလေး၏ မိဘများမှ ခေါ်နေသောကြောင့် နေအိမ်သို့သွားစဉ် ထိုမိန်းကလေးကို ဘုန်းကြီး ကျောင်းရှိ အများသုံးရေလုံအိမ်သာထဲတွင် ထပ်မံပြုကျင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်အပေါ် မသန်စွမ်းမိန်းကလေးမှ ကျန်းမာရေးမကောင်းသောကြောင့် အဒေါ်ဖြစ်သူအား ပြော ပြခဲ့ကြောင်း၊ ၎င်းကို သံလုံးနှင့် ဌေးလွင်တို့မှ သားမယားပြုကျင့်ခဲ့ကြောင်း ယင်းကိစ္စကို မိဘများအားပြောပါက သတ်မည်ဟု ခြိမ်းချောက်ခဲ့ကြောင်း သိရသည်။

 

ကျူးလွန်သူ အသက် (၃၃) နှစ်အရွယ် ဌေးလွင်ကို (၃) မိုင်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထားပြီး ၊ အသက်(၅၃) နှစ်အရွယ် သံလုံးကိုလည်း ဖမ်းဆီးရမိရန်အတွက် ဆောင်ရွက်နေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post