• Follow Us on

Home လပွတ္တာမြို့တွင် အသက် (၆၇) နှစ်အရွယ် အမျိုးသားမှ စိတ်ကျန်းမာရေးချို့တဲ့သည့် အမျိုးသမီးငယ်ကို အလိုမတူဘဲ သားမယားပြု

လပွတ္တာမြို့တွင် အသက် (၆၇) နှစ်အရွယ် အမျိုးသားမှ စိတ်ကျန်းမာရေးချို့တဲ့သည့် အမျိုးသမီးငယ်ကို အလိုမတူဘဲ သားမယားပြု

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ သနပ်ဖက်ကျေးရွာအုပ်စု၊ သနပ်ဖက်ကျေးရွာတွင် ဆွေမျိုး တော်စပ်သူ အသက်(၆၇) အရွယ် အမျိုးသားမှ စိတ်ကျန်းမာရေးချို့တဲ့သည့် အမျိုးသမီးငယ်ကို အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် လပိုင်းက သနပ်ဖက်ကျေးရွာတွင် နေအိမ်၌ မိသားစုဝင်များ လယ်ထဲသို့ လယ်ယာလုပ်င န်းလုပ်ကိုင်ရန်အတွက် သွားသောကြောင့် နေအိမ်၌ မောင်နှမနှစ်ယောက်ထဲရှိနေစဉ်အတွင်း ရောက်ရှိလာပြီး ထိုအမျိုးသမီးငယ်၏ မောင်ဖြစ်သူကို မုန့်ဖိုးပေးပြီး မိဘများရှိသည့် လယ်ထဲသို့ သွားရန်ပြောပြီး ထိုအမျိုးသမီး သားမယားပြုကျင့်ခဲ့ကြောင်း သိရသည်။

 

ထိုအချိန်တွင် စိတ်ကျန်းမာရေးချို့တဲ့သည့် အမျိုးသမီးငယ်ကို သားမယားပြုကျင်ခဲ့ကြောင်း ထိုအချိန်တွင် မောင်ဖြစ်သူမှ နေအိမ်သို့ပြန်ရောက်လာပြီး ထိုကလေးငယ်ကို မုန့်ဖိုးနောက်တစ်ကြိမ်ပေးပြီး မုန့်သွားဝယ်စား ရန်ပြောပြီး ထိုစိတ်ကျန်းမာရေးချို့တဲ့သည့် အမျိုးသမီးငယ်ကို ဒုတိယအကြိမ် သားမယားပြုကျင့်ခဲ့ကြောင်း၊ မိဘများကို ပြန်ပြောပါက ကတ်ကြေးဖြင့်ထိုးသတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်အကြောင်းနှင့် ပတ်သက်ပြီး မိဘများမှ သမီးဖြစ်သူကို မေးမြန်း၍ သမီးဖြစ်သူမှ အကြောင်း စုံပြောပြ၍ မိဘများမှ လပွတ္တာ (၃)မိုင် နယ်မြေရဲစခန်းတွင် အသက်(၆၇) နှစ်အရွယ် ဦးဝင်းကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမူဖွင့်ထားကြောင်း သိရသည်။

 

မကြာသေးမီရက်ပိုင်းကလည်း လပွတ္တာမြို့တွင် ချစ်သူမိန်းကလေးကို ချစ်သူကောင်လေးမှ ချိန်းတွေ့ရန်ပြောပြီး ဖြစ်စဉ်နေရာသို့ သွားရောက်တွေ့ဆုံရာ ထိုအချစ်သူကောင်လေးအပါအဝင် ၎င်း၏သူငယ်ချင်းအမျိုးသားတစ်စုမှ သားမယားပြုကျင့်သည့် ဖြစ်စဉ်များရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post