• Follow Us on

Home လမ်းပေါ်ကလေးများ ပညာဆက်လက်သင်ကြားနိုင်ခြင်းမရှိပါက သက်မွေးပညာများ သင်ကြားပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီးပြောကြား

လမ်းပေါ်ကလေးများ ပညာဆက်လက်သင်ကြားနိုင်ခြင်းမရှိပါက သက်မွေးပညာများ သင်ကြားပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂ (People Media)

 

လမ်းပေါ်ကလေးများအတွက် ပညာဆက်လက်သင်ကြားနိုင်ခြင်းမရှိပါက သက်မွေးပညာများသင်ကြားပေးနိုင် ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

 

လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်(မူကြမ်း) ဒုတိယအကြိမ်အား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး စီမံချက် (မူကြမ်း)အား ပထမအကြိမ်တွင် Desk Review ဖြင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ စီမံချက်နယ်မြေနှင့် စီမံ ချက်ကာလများ သတ်မှတ်ထားရှိခဲ့ပါကြောင်း၊ ယခုလက်ရှိ တွင် စီမံချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် Action Plan အား အတည်ပြု ဆွေးနွေးရန် ဖြစ်ပါကြောင်း၊ ဆက်လက်၍ မကြာမီကျင်းပမည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် ရှင်းလင်းဆွေးနွေး၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ လမ်းပေါ်နေကလေးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝတို့အတွက် မြှင့်တင်ဆောင်ရွက်ပေးရန်နှင့် ကလေးများ၏ အတွေး အခေါ်ကို အဓိကပြောင်းလဲပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

လမ်းပေါ်နေကလေးများအတွက် ဆောင်ရွက်ရာတွင် အဓိကမှာ ကလေးများကျောင်းတက်နိုင်ရေးဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်သင်ကြားနိုင်ခြင်းမရှိပါက သက်မွေးပညာများသင်ကြားပေး နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများရရှိရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း (Volunteer) များအား စနစ်တကျသင်ကြား လေ့ကျင့်၍ ၎င်းတို့အတွက် ထောက်ပံ့မှုအစီအစဉ်များကို ဆောင်ရွက်နိုင်ရေး၊ ကျောင်းပညာ ဆက်လက် သင်ကြားနိုင်မည့် ကလေးသူငယ်များအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်မှ Conditional Cash Transfer Program ဖြင့် ထောက်ပံ့နိုင်ရေး၊ ကျောင်းပြင်ပ ပညာဆက်လက်သင်ကြားနိုင်မည့် ကလေးများ အတွက် Mobile Schools အစီအစဉ်များ ဆောင်ရွက်၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် စီမံချက်နယ်မြေများ တိုးချဲ့နိုင်ရေး ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia #လူကယ်ပြန်

 

(unicode)


…………………………………………………………….

 


 


 


 


 


 



Share this post