လမ်းပေါ်နေကလေးသူငယ်များအပေါ် အဓမ္မအနိုင်ကျင့်စေခိုင်းခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းတို့မှ ကာ ကွယ်ရန်နှင့် ဘဝလုံခြုံရေးအတွက် ကနဦးစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်၊ လူကယ်ပြန် ဝန်ကြီး ပြောကြား

PUBLISHED - December 16, 2021
နေပြည်တော်၊ ဒီဇင်ဘာ ၁၆ (People Media)
လမ်းပေါ်နေကလေးသူငယ်များအပေါ် အဓမ္မအနိုင်ကျင့်စေခိုင်းခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ရန်နှင့် ဘဝလုံခြုံရေးအတွက်ရည်ရွယ်၍ လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း ကနဦးစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်သွားမှာဖြစ်ပါ ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(၁/၂၀၂၁) အစည်းအဝေးအား ယမန်နေ့နံ နက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအနေဖြင့် သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေ ပြုလုပ်ငန်းများအဖြစ် ဆောင်ရွက်နေသော်လည်း လမ်းပေါ်နေကလေးတွေများပြားလာသည့်ပြဿနာသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ၍ ဖြေရှင်းရန် လိုအပ်သည့် အရေးကြီးသောပြဿနာတစ်ခု လည်း ဖြစ်လာပါကြောင်း၊ ကလေးသူငယ်များအပါအဝင် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော လူမှုရေးရာ ဖြစ်ရပ်များကို ဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager) များမှတစ်ဆင့် (၂၄) နာရီ ဝန်ဆောင်မှုပေးနိုင်သည့် Help line Service ကို ထူထောင်ထားရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။
သက်ငယ်မုဒိမ်းမှုကျူးလွန်ခံရသော ကလေးသူငယ်များနှင့် အကြမ်းဖက်ခံရသည့် မိန်းကလေးငယ်များအတွက် ကျန်းမာရေးကုသစရိတ်၊ တရားရင်ဆိုင်ရေးစရိတ်၊ ဘဝရပ်တည်နေထိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း စရိတ်တို့အား ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်းနှင့် ကျွမ်းကျင်သူ Counsellor များနှင့် ချိတ်ဆက်ပေးခြင်းနည်းလမ်းများဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
#PeopleMedia #လူကယ်ပြန်
(unicode)
…………………………………………………………………..