လမ်းပြုပြင်နေသည့် ကော့ကရိတ်-မြဝတီအာရှလမ်းသို့ KKO/PDF အဖွဲ့မှ လက်နက်များဖြင့် ပစ်ခတ်ရာ အမျိုး သားတစ်ဦး ဒဏ်ရာရ

PUBLISHED - August 23, 2023
နေပြည်တော်၊ သြဂုတ် ၂၃
လမ်းပြုပြင်နေသည့် ကော့ကရိတ်-မြဝတီအာရှလမ်းသို့ KKO/PDF အဖွဲ့မှ လက်နက်များဖြင့် ပစ်ခတ်ရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၂၂ ရက် ညနေ ၅ နာရီကျော်တွင် KKO/PDF အဖွဲ့မှ ကော့ကရိတ်-မြဝတီ အာရှလမ်း လမ်းပြင် နေသည့် လမ်းလုပ်သားများနှင့် လုံခြုံရေးအဖွဲ့ဝင်များထံသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ လမ်းဖြတ်ကူး သည့် အမျိုးသားတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုဒဏ်ရာရရှိသည့် အမျိုးသားမှာ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ မော်တော်ဆိုင်ကယ်ဖြင့်မောင်းနှင်လာသူ ဉီးကြည်လွင်မှာ ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia