လမ်းဘေးတွင် အိတ်အမဲဖြင့်ထုတ်ပိုးထားသည့် မွေးကင်းစကလေးငယ်ရုပ်အလောင်း တွေ့ရှိ
PUBLISHED - January 9, 2025
နေပြည်တော်၊ ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်၊ စက်မှု (၃) လမ်းတွင် အိတ်အမဲဖြင့် ထုတ်ပိုးထားသည့် မွေးကင်းစကလေးငယ် ရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။
ဇန်နဝါရီလ ၈ ရက်နေ့တွင် စွန့်ပစ်ကလေးငယ်ရုပ်အလောင်းကို သက်ဆိုင်ရာမှ စစ်ဆေးပြီးနောက် ရုပ်အလောင်းကို ဒေသခံလူမူကူညီရေးအသင်းမှ သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
“အိတ်အမဲနဲ့ ထုတ်ထားတာ ကလေးကို။ ကလေးကသေနေပြီ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးမှ ပြောသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်လည်း တာမွေမြို့နယ်၊ တာမွေကြီး(ခ) ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ တာမွေပလာဇာရှေ့ရှိ အမှိုက်ပုံးထဲတွင် စွန့်ပစ်သေဆုံးနေသည့် မွေးကင်းစ ကလေးငယ်၏ ရုပ်အလောင်းတွေ့ရှိခဲ့သေးသည်။
Photo – Credit
#PeopleMedia