• Follow Us on
Latest News

Home လမ်းမတော်မြို့နယ်တွင် ကားဝယ်ရောင်းလုပ်ကိုင်သည့် အမျိုးသား ၁ ဦး အသတ်ခံရ

လမ်းမတော်မြို့နယ်တွင် ကားဝယ်ရောင်းလုပ်ကိုင်သည့် အမျိုးသား ၁ ဦး အသတ်ခံရ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၈

 

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၄) ရပ်ကွက်၊ (၉) လမ်း၊ အမှတ် (၇၄)၊ မြေညီထပ်(ဝဲ) တွင် ယနေ့ နံနက် ၁၁ နာရီကျော်အချိန်က ကားဝယ်ရောင်းလုပ်ကိုင်သည့် အမျိုးသား ၁ ဦး နေအိမ်ခန်းထဲ၌ အသတ်ခံခဲ့ရကြောင်း သိရသည်။

 

ဖြစ်စဉ်နေရာအား လုံခြုံးရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကားအရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သည့် ဦးမောင်ဝင်း ၆၇ နှစ်ဖြစ်ကြောင်း၊ အိမ်အခန်းအတွင်း ဦးခေါင်းတွင် ဒဏ်ဖြင့် သေဆုံး နေခြင်းဖြစ်ကြောင်း၊ ၎င်းပိုင်ဆိုင်သည့် ကားလည်း ပျောက်ဆုံးနေကြောင်းနှင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

 

Photo – Credit

 

zPeopleMedia


Share this post