• Follow Us on
Latest News

Home လမ်းမတော်မြို့နယ်တွင် YBS ယာဉ်မောင်းတစ်ဦး ကားမောင်းနေစဉ်သတိလစ်ပြီး ယာဉ် ၉ စီးအား ဝင်တိုက်မိပြီး သေဆုံး

လမ်းမတော်မြို့နယ်တွင် YBS ယာဉ်မောင်းတစ်ဦး ကားမောင်းနေစဉ်သတိလစ်ပြီး ယာဉ် ၉ စီးအား ဝင်တိုက်မိပြီး သေဆုံး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁

 

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းအနီးတွင် YBS – 35 လိုင်းမှ ယာဉ်မောင်းတစ်ဦး ကားမောင်းနေစဉ် သတိလစ်ပြီး တဖက်လမ်းကြောင်းသို့ ရောက်ရှိကာ ယာဉ် ၉ စီးအား ဝင်တိုက်မိပြီး သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက် ညနေ ၄ နာရီ ၃၀ အချိန်က YBS 35 ဘတ်စ်ကားလိုင်းမှ ယာဉ်မောင်းတစ်ဦး မောင်းလာသော ဘတ်စ်ကား 3N/2567 ဟွန်ဒိုင်းကားသည် လမ်းမတော်မြို့နယ် ဝါးတန်းလမ်းအတိုင်း ကမ်းနားလမ်းဘက်မှ အနော်ရထာလမ်းဘက်သို့ မောင်းလာစဉ် ယာဉ်မောင်းဖြစ်သူသည် ရုတ်တရက် သတိလစ်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ တစ်ဖက်ယာဉ်ကြော၌ ရပ်ထားသည့် ကား ၉ စီးကို အဆင့်ဆင့် ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

 

“မနေ့ညနေဝါးတန်းလမ်းအောက်လမ်း YBS 35 ဝင်တိုက်သွားတဲ့ကားတွေ အနည်းဆုံး ၄၊ ၅ စီးလောက်တော့ ပါမယ်။ အိမ်အောက်မှာဖြစ်တာ။ YBS ယာဉ်မောင်းတော့ဆုံးသွားတယ်ကြားပါတယ်။ heart attack လို့ ကြားပါတယ်” ဟု မျက်မြင်တွေ့သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

 

ရပ်ထားသည့် ကားများကို တိုက်ပြီးချိန်ထိ ယာဉ်မောင်းမှာ သတိမရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး ခရီးသည်များ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post