လယ်ယာမြေ (၁၀) ဧကအထက်ပိုင်သည့် တောင်သူများကို တစ်ဧကလျှင် (၄) သိန်းကျပ် ထုတ်ချေးမည်လို့ MRF မှထုတ်ပြန်
PUBLISHED - December 21, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၁
လယ်ယာမြေ (၁၀) ဧကအထက်ပိုင်သည့် တောင်သူများကို တစ်ဧကလျှင် (၄) သိန်းကျပ်ထုတ်ချေးမည်လို့ မြန်မာနိုင်ငံဆန်စံပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဖွံံ့ဖြိုးရေး ကာလတိုချေးငွေကို လျှောက်ထားနိုင် ကြောင်း၊ တောင်သူလယ်သမားကြီးများ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတတ်ရေးအတွက် ကာလတို ချေးငွေအဖြစ် တစ်ဧကလျှင် ကျပ် (၄) သိန်းထုတ်ချေးနိုင်မည်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထိုထုတ်ပြန်ချက်တွင် ပုံစံ(၇) မူရင်းကို အာမခံအဖြစ် တင်ပြလျှောက်ထားရန်၊ စပါးသီးနှံတစ်ရာသီ (၄) လမှ (၅) လအထိ ချေးငွေကာလကိုထားရှိပြီး၊ အတိုးနှုန်းကို (၁) နှစ်လျှင် (၁၀) ရာခိုင်နှုန်းဖြင့် တစ်ဧကလျှင် ကျပ်(၄) သိန်းဖြင့် ဧက (၁၀၀) အထိ ထုတ်ချေးပေးရမည်လို့ သိရသည်။
ထို့ပြင် ကာလတိုချေးငွေများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ KBZ Bank ၊ A Bank၊ AYA Bank၊ Yoma Bank၊ UAB Bank၊ MAB Bank တို့မှ ထုတ်ချေးမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်း ဒေသကြီးများရှိ တောင်သူလယ်သမားများကို ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia