လယ်ဝေးမြို့နယ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရာတွင်ပါဝင်သူ ၂ ဦးအား ဖမ်းဆီးရမိပြီး ဆက်စပ်သူ ၁၅ ဦးအား လိုအပ်သောစစ်ဆေးမှုများဆောင်ရွက်နေကြောင်း နစကသတင်းထုတ်ပြန်

PUBLISHED - July 22, 2024
နေပြည်တော်၊ ဇူလိုင် ၂၂
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရာတွင် ပါဝင်သူ ၂ ဦးအား ဖမ်းဆီးရမိပြီး ဖြစ်စဉ်နှင့်ဆက်စပ်သူ ၁၅ ဦးအား လိုအပ်သော စစ်ဆေးမှုများဆောင်ရွက်လျက်ရှိ ကြောင်း နစကမှ သတင်းထုတ်ပြန်လိုက်သည်။
လယ်ဝေးမြို့နယ်အတွင်း ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ပေါက်ကွဲသံများဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူ များ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေး မြို့နယ်၊ ကြံခင်းကျေးရွာနှင့် ကန်သာကျေးရွာအနီး၌ ရှော့တိုက်ဒုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား တွေ့ရှိရပြီး လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါဝန်းကျင်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေမှုများကို ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ အောင်စေတနာကျေးရွာအနီး၌ ရှော့တိုက်ဒုံးပစ်ခတ်ပြီး ပျက်စီးနေသည့် ဒုံးပစ်စင် ၄ ခုနှင့် ပစ်ခတ်ရန်အသင့်တပ်ဆင်ထားသည့် ဒုံးပစ်စင် ၃ ခုတို့အား တွေ့ရှိခဲ့ရသဖြင့် ပစ်ခတ်ခြင်းမရှိသေးသည့် ဒုံးသီးများအား စနစ်တကျ သက်မဲ့ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့်နေရာနှင့် အနီးဝန်းကျင်တစ်ဝိုက်အား ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ရှော့တိုက်ဒုံးပစ်ခတ်ရာတွင် ပါဝင်သူအကြမ်းဖက်သမားနှစ်ဦးဖြစ်သည့် လယ်ဝေးမြို့နယ်၊ သာဝတ္တိ၊ သစ်ကြိမ်းအုပ်စု၊ ဟေမာန်ကျေးရွာနေ ပြည့်ဖြိုးအောင်(ခ)နောက်စေ့နှင့် သက်ခိုင်ထွန်း(ခ)ကိုသက်တို့ အား ကနဦးဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်များအရ ဖြစ်စဉ်နှင့်ဆက်စပ်သူ ၁၅ ဦးအား လိုအပ်သော စစ်ဆေးမှု များဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia